ကချင်နှင့်စစ်ကိုင်းအစပ်၊ မိုးညှင်းနှင့်အင်းတော်အကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေဆုံး၊ ကောလင်းတွင် စစ်သား ၇ ဦးသေဆုံး

ကချင်နှင့်စစ်ကိုင်းအစပ် မိုးညှင်းနှင့်အင်းတော်မြို့နယ်အကြားတွင် ဇွန်လ ၁၂ ရက် နေ့ တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေဆုံးကြောင်း မိုးညှင်း PDF မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုးညှင်းနှင့်အင်းတော်မြို့နယ်အကြား နန်စီးအောင်နှင့် မော်လူးအကြား လှည်းကူးတောင်နားတွင် ထိုးစစ်ဆင်လာသော စစ်အင်အား ၁၀၀ ပါ စစ်ကြောင်းကို PDF က လက်နက်ကြီး၊ လက်နက်ငယ်များ ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ရာ စစ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာ ပြင်းထန်သူ ၂ ဦးမှာလည်း မိုးညှင်းဘက်သို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူစစ်သား ၃၀ ကျော်ရှိကြောင်း မိုးညှင်း PDF တာဝန်ရှိသူကဆိုသည်။

“စစ်အင်အား ၁၀၀ ဝန်းကျင်စစ်ကြောင်း ကို လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ပဒေသာမိုင်းနဲ့ တိုက်ခိုက်တယ်။ စစ်သား ၃၀ ကျော် ဒဏ်ရာရတယ်။ ဒဏ်ရာ ပြင်းထန် ၂ ဦးနဲ့ ပွဲချင်းပြီး ၇ ဦး ရှိတယ်။ အဲဒီမှာ ပြင်းထန် ဒဏ်ရာရတဲ့ ၂ ဦးကို မိုးညှင်းပို့နေတုန်း သေသွားတယ်။ စုစုပေါင်း စစ်သား ၉ ဦးသေတယ်။ စစ်တပ်က ခေတ္တခဏ လမ်းပိတ်ပြီးတော့ ကားတွေ ဆိုင်ကယ်တွေကို တအားစစ်တာ ဆေးတာလုပ်တယ်” ဟု မိုးညှင်းPDF တာဝန်ရှိသူက ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းအရှေ့ခြမ်း ပဒုမ္မာဘက်တွင်လည်း ဇွန်လ ၁၂ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s