ကရင်နီဒေသတွင် တိုက်ပွဲဆက်တိုက်ဖြစ်ပြီး နှစ်ဘက်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံး ဒဏ်ရာရ

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နဲ့ ဒီးမော့ဆိုကြား အခုရက်ပိုင်း နေ့ညမပြတ် ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ လက်ပြီးဖြစ်ပွားနေပြီး နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာရှိနေတယ်လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေထံက  သိရပါတယ်။

မနေ့ ဇွန် ၁၂ ရက်မှာ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာအနီး တပ်စွဲထားတဲ့  စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ယောက် ထိခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF BO6 က သတင်းထုတ်ပြန်ပါတယ်။

ပူဖားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNDF/B-06 က သွားရောက်ခိုက်ခဲ့လို့ တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားပြီး  စစ်ကောင်စီဘက်က  ၃ ယောက် ထိခိုက်ခဲ့သလို KNDF တပ်မှက ရဲဘော် ၂ ယောက်  ခိုက်ခဲ့တယ်လို့လည်း  ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန် ၁၁ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ၆ မိုင် ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  KNDF က ကင်းလဲဖို့ သွားတဲ့ အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခြင်းခံရတာဖြစ်ပြီး  ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF တာဝန်ရှိသူတဦးက ပြောပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဇွန် ၁၀ ရက်က သွားရောက်တိုက်ခိုက်ခဲ့လို့  တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ဒီးမော့ဆိုပြည်သူ့ ကာကွယ်ရေးတပ် ( DMO – PDF )ရဲဘော်တယောက်ကျဆုံးခဲ့ကာ မနေ့က  မြေမြုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်စခန်းကို DMO-PDF ဗျူဟာ ( ၃ ) C, D, Eနဲ့ အလယ်ပိုင်းတိုင်း ၁၁၀၂ တို့က သွားရောက်တိုက်ခိုက်စဉ် အသက် ၂၀ အရွယ် ရဲဘော် မောင်ပီလားရှို ကျဆုံးခဲ့တာဖြစ်ပြီး ရဲဘော် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့တယ်လို့ DMO-PDF ကထုတ်ပြန်ပါတယ်။

အလားတူ စံပြ ၆ မိုင်ကျေးရွာမှာ  ကရင်နီပူးပေါင်းတပ်နဲ့  စစ်ကောင်စီတပ်တို့ ဇွန် ၁၁ ရက်က တိုက်ပွဲဖြစ်ပြီး ရဲဘော်  တယောက်ထပ်မံကျဆုံးသွားခဲ့တယ်လို့ DMO-PDF က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က  လက်နက်ကြီးတွေ အများအပြား ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာလည်း ရှိခဲ့ပါတယ်။

မနေ့ကလည်း ဖရူဆိုလမ်းဘေးက ထီးပေါဆိုရွာမှာ လက်နက်ကြီးကျပြီး ခရစ်ယာန် ဘုရားကျောင်းပျက်စီးသွားခဲ့သလို လူနေအိမ်တချို့လည်း ပျက်စီးသွားခဲ့ရပါတယ်။

ဖယ်ခုံမြို့နယ် ခေါင်အိကျေးရွာဘက်မှာလည်း ဒီမနေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း ကရင်နီပူးပေါင်းတပ်က ပြောပါတယ်။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s