ကိုဗစ်ကြောင့်ပိတ်ထားသည့် မဲဆောက်အ ခြေစိုက် CDC မြန်မာရွှေ့ပြောင်းကျောင်းပြန်ဖွင့်

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးနေတဲ့ CDC ကျောင်း ကို ဇွန် ၁၃ ရက် ဒီနေ့မနက်က ပြန်လည်စတင်ဖွင့်လှစ်သင်ကြားနေပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားတဲ့အခြေအနေကြောင့် စာသင်ကျောင်းတွေကို ပညာသင်နှစ် ၂ နှစ်လောက်ပိတ်ထားခဲ့ပြီး အွန်လိုင်းကနေသင်ကြားပေးနေရာက အခုဇွန်လမှာ ပြန်လည်ဖွင့်လိုက်တာဖြစ်ပါတယ်။

မဲဆောက်မြို့က မြန်မာရွေ့ပြောင်းစာသင်ကျောင်းတွေလည်း ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ အသီးသီးပြန်ဖွင့်နေရာမှာ CDC ကျောင်းမှာတော့ ၂၀၂၂-၂၀၂၃ စာသင်နှစ်အတွက် ကျောင်းတက်တဲ့ ကျောင်းသား အရေအတွက် နည်းသွားတယ်လို့  CDC ကျောင်းအုပ်ဆရာကြီးမန်းရွှေနှင်းက ပြောပါတယ်။

အခုပညာသင်နှစ်အစမှာ ကျောင်းသား၊ ကျောင်းသူတွေကို အချိန်နှစ်ချိန်ခွဲသင်သွားမှာဖြစ်ပြီး တနင်္လာမှ ဗုဒ္ဓဟူးနေ့ အထိကျောင်းတက်ရမယ့်အဖွဲ့နဲ့ ကြာသပတေးမှ စနေနေ့အထိ ကျောင်းတက်ရမယ့် အဖွဲ့ဆိုပြီး နှစ်သုတ်ခွဲသင်ကြားပေးမှာဖြစ်ပါတယ်။

ကျောင်းဆရာဆရာမကတော့ စာသင်ချိန် တပတ်ကို ၆ ရက် ဖြစ်ကာ သူငယ်တန်း ကလေးတွေကတော့ တပတ်ကို  ၅ ရက် ပုံမှန်တက်ရမှာဖြစ်ပြီး ဇူလိုင် ၄ ရက်နေ့မှာတော့ ပုံမှန်ပြန်သင်ကြားသွားမယ်လို့  CDC ကျောင်းအုပ်ဆရာကြီးမန်းရွှေနှင်းက ပြောပါတယ်။

CDC ကျောင်းဟာ ၁ တန်းကနေ ၁၂ တန်းအထိ ထိုင်းပညာရေးစနစ်နဲ့ သင်ကြားပေးနေတဲ့ အထက်တန်းကျောင်းဖြစ်ပြီး ဒီကျောင်းကနေ  အောင် မြင်ပြီး  ထိုင်းပညာရေးဘွဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အယောက် ၃၀ လောက်ရှိသွားပြီဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s