ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံ စစ်ကောင်စီဂိတ် ၄၀ မမ ဖြင့် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံးပြီး စစ်တပ်၏ ပြန်လည် ပစ်ခတ်မှုကြောင့် ကားသမား ၁ ဦး ကျည်ထိမှန်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်းကို ၄၀ မမဖြင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ယနေ့ ည နေပိုင်းတွင် ပစ်ခတ်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်တပ်၏ ပြန်လည် ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦး၏ ပေါင်တွင် ကျည်ထိမှန်ကြောင်း ဒေသသတင်းရင်းမြစ် KRIN က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၅၈ မိနစ်အချိန် ကျိုက်ထိုမြို့၊ မုပ္ပလင် လမ်း ဆုံရှိ စစ်ကောင်စီဂိတ်စခန်းကို ၄၀ မမ ဖြင့် ပစ်ခတ်ခဲ့ရာတွင် စစ် သား ၂ ဦးပွဲချင်းပြီး သေဆုံးပြီး စစ်သား ၁ ယောက်ဦး ထပ်မံ သေဆုံးသွားကြောင်း ၊

စစ်တပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြသောကြောင့် ပစ်တိုင်းထောင် ထမင်းဆိုင်ရှေ့တွင် ကားသမား ၁ ဦး၏ပေါင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်မှုမရှိ ဘဲ ပြန်လည် ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။

“ပစ်ခတ်မှုကြောင့် လမ်းခဏတော့ ပိတ်သွားတယ်။ လမ်းဆုံမှာ ပစ်တာဆိုတော့ လမ်းကြောအကြာကြီးပိတ်တဲ့အထိတော့ မဖြစ်ဘူး။ ပစ်ခတ်မှုကြောင့် စစ်သား ၂ ဦးပွဲချင်းပြီး သေတယ်။ နောက်ထပ် ၁ ဦး ထပ်သေတယ်။ စစ်တပ်က ရမ်းသမ်းပစ်ခတ်လို့ ကားသမား ၁ ဦး ပေါင်ကျည်ထိမှန်ပါတယ်။ အဲဒါကနောက်ဆုံးအခြေအနေပါ” ဟု ဒေသသတင်းရင်းမြစ် KRINက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s