ပဲခူး၊ ထန်းတပင်မြို့နယ် ၊ ဇရပ်ကြီး ၇၃ တပ် ရင်းတွင် လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်သံများကြားရ၊ တိုက် ပွဲ ပြင်းထန်နေ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ၊ ဇရပ်ကြီး ၇၃ တပ်ရင်းတွင် ယနေ့ညပိုင်း လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဒီည ထန်းတပင် ဇရပ်‌ကြီး ၇၃ တပ်ရင်းမှာ လက်နက်ကြီးလက်နက်ငယ်တွေ ပစ်နေတာ နာရီဝက်ကျော်ကြာပြီ။ နှစ်ဖက် အပြန်အလှန်ပစ်နေတာ။ ဒီနေ့ည ၈ နာရီ ၅၀ မိနစ်မှာ စပစ်ကြတာ။ တဒိုင်းဒိုင်း တ၀ုန်း၀ုန်းနဲ့ကို ပစ်နေတာ။ အရမ်းကို ကြမ်းနေတယ်။ လက်နက်ကြီးက အတော်ပြင်းတယ် မြေတောင်တုန်တယ် ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ည ၁၀ နာရီအချိန်အထိ အပြန်အလှန် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လျက်ရှိကြောင်း ၊ လက်နက်ကြီးသံများကြောင့် ပြည်သူအများစု စိုးရိမ်ထိတ်လန့်နေရကြောင်း သိရှိရသည်။

“အိမ်ပါတုန်တယ်။ ၁၀ နာရီကျော်နေပြီ ပစ်နေကြတုန်းပဲ။ လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်း။ တအုန်းအုန်းနဲ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s