မင်းတပ်-မတူပီလမ်းမ မိုင်တိုင် ၈၇ တွင် သေ နတ်ပစ်ဖောက်လာသော စစ်ကောင်စီစစ် ကြောင်းကို CDF မတူပီ အလစ်ဝင်တိုက်၊ စစ် သား ၇ ဦးသေဆုံး
ချင်းပြည်နယ်၊ မင်းတပ်-မတူပီကားလမ်း၊ မိုင်တိုင် ၈၇ တွင် သေနတ် ရမ်းသန်းပစ်ဖောက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို အနီးကပ် အလစ်ဝင်ရောက်တိုက်ခိုက်သည့် ဗီဒီယိုကို CDF မတူပီက ယနေ့ ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲသည် ဧပြီလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များ မင်းတပ်မြို့မှ မတူပီမြို့သို့ လာရောက်စဉ် CDF-မတူပီ က အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၃၀ ရက်မှ ဧပြီလ ၇ ရက်အထိ ၉ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၀ ထက်မနည်းသေဆုံးကြောင်း၊ CDF-မတူပီ ရဲ ဘော် ၂ ဦး ကျဆုံးကြောင်း ထုတ်ပြန်ထားသည်။ khit thit