မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှ အောင် မြင်သူကုမ္ပဏီနှင့်လက်ကားအရောင်းဆိုင် သ တိပေး ဗုံးဖောက်ခွဲခံရ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၈၅ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ အောင်မြင်သူကုမ္ပဏီ (အောင်မြင်သူလက်ကားအရောင်းဆိုင်) ကို ယမန်နေ့ ဇွန် ၁၂ ရက် ည ၇ နာရီခန့်က သတိပေး ဗုံးဖောက်ခွဲ ခြင်းပြုလုပ်ခဲ့ကြောင်း မန္တလေးတော်လှန်ရေးမြို့ပြတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။
ပြည်သူ့နေအိမ်များအား ကျူးကျော်ဟုခေါင်းစဉ်တပ်ကာ ဖယ်ရှားဖျက်ဆီးမှုများတွင် ပါ၀င်ပတ်သက်နေ ခြင်းကြောင့် ဖောက်ခွဲသတိပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“၈၅ လမ်းပေါ်က အောင်မြင်သူဆီဆိုင်ရှေ့ ဗုံးကွဲတာပါ၊ ဗုံးနဲ့ပစ်သွားတာကို စစ်ခွေးတွေရောက်လာပြီး သဲ အိတ်တွေနဲ့ကာနေတုန်း အုန်းကနဲထပေါက်တာပါ၊ အထိအခိုက်မသိရသေးဘူး” ဟု အခင်းဖြစ်စဉ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။
အောင်မြင်သူကုမ္ပဏီသည် စစ်ကောင်စီနှင့်ပူးပေါင်း၍ မြို့သစ်နေအိမ်များအား ဖယ်ရှားရှင်းလင်းခိုင်းနေ ကြောင်း သတင်းထွက်နေသည်ဟု ဒေသခံထံမှ သိရသည်။
အောင်မြင်သူကုမ္ပဏီစီးပွားရေးလုပ်ငန်းစုသည် စစ်ကောင်စီနှင့်နီးစပ်သည့်ဆက်နွှယ်မှုရှိပြီး ယခင် ကြံ့ဖွံ့ ပါတီခေတ်ကတည်းက မန္တလေးမြို့ပေါ်မှမြေနေရာများအား စီမံလုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။ mizzima