မန္တလေး အမှတ် ၄ လုံခြုံရေးရဲတပ်ရင်းတွင် ရဲတပ်ကြပ် စိုးတင့်က ရဲတပ်သားကို ပစ်ခတ်သတ်ဖြတ်၊ ပစ်ခတ်သူ ရဲတပ်ကြပ်စိုးတင့်ကို ဖမ်းဆီးထား

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံ အမှတ် ၄ လုံခြုံရေးရဲတပ်ရင်းတွင် ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲကျော်အချိန် ရဲအ ချင်းချင်း ရန်ဖြစ်စကားများရာမှ ရဲတပ်ကြပ်စိုးတင့်က ရဲတပ်သားတစ်ဦးကို ပစ်ခတ်သဖြင့် သေ ဆုံးသွားကြောင်း ရဲသတင်းရပ်ကွက်က ပြောဆိုသည်။
ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲကျော်အချိန် ပုသိမ်ကြီး မြို့နယ်၊ ရွှေစာရံ အ မှတ် ၄ ရဲတပ်ရင်းတွင် ရဲတပ်ကြပ်စိုးတင့်နှင့် ရဲတပ်သားတစ်ဦးတို့ အချင်းများကြကြောင်း၊ ရဲတပ်ကြပ်စိုးတင့်က ပစ်ခတ်ရာမှ ရဲတပ်သား သေဆုံးသွားခြင်းဖြစ် ကြောင်း သိရှိရသည်။
“ရဲ အချင်းချင်းစကားများပြီး သေနတ်နဲ့ပစ်တာ ရဲတပ်သား တစ်ဦးကတော့ ပွဲချင်းပြီး သေတယ်။ သေသွားတဲ့ ရဲတပ်သားကို စခန်းမှာ မျောက်ကြီးဆိုပြီး အားလုံးက ခေါ်ကြတာ။ သေဆုံးသွားရဲတပ်သား မိန်းမက မွေးဖွားခါနီး ကိုယ် ဝန်ကြီးနဲ့ ကျန်ခဲ့တယ်။ ရဲတပ်ကြပ် စိုးတင့် ပစ်တဲ့အ ချိန်မှာ မူးနေတယ်။ ရဲတပ် သားလည်း မူးနေတယ်။ မူးပြီး ရန်ထဖြစ်ကြတာ။ ရဲတပ်သား အလောင်းက တော့ ရင်ခွဲရုံရောက်သွားပြီ။ ပစ်သတ်သူကဗဟိုကင်းမှာ ဖမ်းထားတယ်။ ဘာဆက်လုပ် မလဲတော့မသိသေးဘူး”ဟု ဖြစ်စဉ်ကို သိရှိထားသူ ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ khit thit