မုပ္ပလင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာက စစ်ကောင်စီစစ်ဆေး‌ရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေ ဆုံးသွားတယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို ဇွန် ၁၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ၄၀-မမနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်  တိုက်ခိုက်ခံရတာကြောင့် ဂိတ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံ DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် ပစ်တိုင်းထောင် ထမင်းဆိုင်အနီးမှာ ရှိနေတဲ့ ကားသမားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီးနောက် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။

မုပ္ပလင် စစ်ဆေးရေးဂိတ်ဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း အနည်းဆုံး ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာဖြစ်ပြီး အဲဒီတိုက် ခိုက် မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာပါ။  

စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် အင်အား ၇၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး ကျိုက်ထိုမြို့နယ်ထဲကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s