မော်လူးမြို့အနီး စစ်ကောင်စီတပ်ကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ မော်လူးမြို့နဲ့ နန့်စီးအောင်ကြားလမ်းပိုင်းမှာ အင်အား ၃၀ ခန့်နဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို  ဇွန် ၁၂ ရက် မနက် ၁၀ နာရီလောက်က ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား ၂ ယောက်လောက်သေဆုံးပြီး  ၉ ယောက်လောက် ဒဏ်ရာရရှိနိုင်ကာ စစ်တပ်ပိုင်ကားနဲ့ မိုးညှင်းဘက်ကို ပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်သူကပြောပေမဲ့ ထိခိုက်ကျဆုံးစာရင်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒေသခံတယောက်က “ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး အင်းတော်၊ နဘား၊ ကသာလမ်းတလျှောက်(စ.. )တွေနေရာအနှံ့ ကင်းပုန်းဝပ်တယ်။ ဒီဘက်ကိုအင်အား အလုံးအရင်းဖြည့်နေတယ်”လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က  လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ခရီးသွား ကား‌၊ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးနေတယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s