မြောင်တွင် MRA အမျိုးသမီးစစ်သည်စခန်းကို လာရောက် စီးနင်းသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် MRA အမျိုးသမီးစစ်သည်စခန်းကို လာရောက် စီးနင်းတိုက်ခိုက်သော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံးကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် MRA က ပြောသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်း မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က မြောင်မြို့နယ်တော် လှန်ရေးတပ် (MRA) စခန်းဌာနခွဲ ( ၂ ) (အမျိုးသမီးစစ်သည် စခန်း) ကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ဝင်ရောက်စီးနင်းစဥ် ပြည်သူများအား ဓားစာခံအ ဖြစ်ခေါ်ဆောင်လာသောကြောင့် မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းမပြုဘဲ ခြုံအတွင်း ကင်းပုန်းဝပ်နေသော စကစတပ်သား(၂) ဦးကို MRA က Drone ဖြင့်ဗုံးကြဲတိုက်ခိုက်ရာ ထိုတပ်သား (၂)ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့ တိုက်ခိုက်မခံရစေရန် ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်လေ့ရှိပြီး ထိုသိုဖမ်းဆီးခံထားရပါက စစ်တပ်ကို တိုက်ခိုက်ရန်အခက်အခဲရှိပါသဖြင့် ပြည်သူများအနေဖြင့် စစ်ကြောင်းထိုးလာပါက ဘေးလွတ်ရာ ရှောင်တိမ်းကြရန် MRA က အသိပေးထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s