ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ယာကြီး လမ်းမအနီးရှိ ဘန့်ဘွေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၁ ရက် ညနေပိုင်း ၇ နာရီ အချိန်ခန့်တွင် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား များ သေဆုံးမှုရှိနိုင်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါ နိုင်ခဲ့ကြောင်း ဒေသခံကာကွယ်ရေး ရဲဘော်တစ်ဦးက ဆိုသည်။
“တိုက်ပွဲကြာချိန်ကတော့ မိနစ် ၂၀ လောက်ရှိပါတယ်။ စစ်ကောင်စီတပ်သား ကတော့ ၅၀ လောက်ရှိတယ်။ လက်နက်ကြီး အများဆုံး သုံးပြီး တိုက်ခိုက်ခဲ့တာ၊ စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေဆုံးကိုတော့ မသိရသေးဘူး “ ဟု ဒေသခံ ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။
ဘန့်ဘွေးကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲနေသည်မှာ လေးလ ခန့် ရှိနေပြီး ဘန့်ဘွေး ကျေးရွာက ဒေသခံစစ်ရှောင်ပြည်သူများ စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း သိရသည်။ mizzima