ရေစကြိုနှင့် မြောင်တွင် စစ်ကောင်စီစက်လှေ၊ စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သားနှင့် ပျူစောထီး ၁ဝ ဦးသေဆုံး

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အစပ်ရှိ ရေစကြိုမြို့နယ်နှင့် မြောင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလိုက်ပါသော စက်လှေများ၊ စစ်ကြောင်းများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၂ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သားနှင့် ပျူစောထီး ၁ဝ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၃ဝ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များ လိုက်ပါလာသော စက်လှေများသည် ဧရာဝတီမြစ်အောက်ဘက်သို့ စက်မနှိုးဘဲ မြေတော်ရွာသို့ တိတ်တဆိတ် စုန်ဆင်းလာစဉ် ကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

နံနက် ၈ နာရီခန့်တွင်လည်း ဆင်ချောင်းရွာ သစ်ပင်အောက်ရှိ စစ်သား ၁ဝ ဦးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အီနာဂါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီ ၃ဝ မိနစ်တွင် ညောင်တိုရွာ ရွာလည်ရှိ သစ်ပင်အောက်တွင် စစ်ဗိုလ်နှင့် ညောင်တိုရွာ အုပ်ချုပ်ရေးမှူးတို့ စုဝေး တိုင်ပင်နေစဉ် ကာကွယ်ရေး တပ်ဖွဲ့များက အီနာဂါဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ် အပါအဝင် ညောင်တိုရွာ အုပ်ချုပ်ရေးမှူး ဝင်းလွင်၊ ပျူစောထီး အဖွဲ့ဝင် ဌေးလွင်နှင့် ဆန်းခိုင်၊ စစ်သား ၃ ဦးတို့ ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်သည် ပန်းညိုရွာမှ ၆ဝ မမ များဖြင့် ပစ်ခတ်ရန် လုပ်ဆောင်စဉ် ဒေသခံ ကာကွယ်ရေး တပ် ဖွဲ့များက စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့သောကြောင့် စစ်သား ၁ ဦးထပ်မံ သေဆုံးခဲ့ကာ ကာကွယ်ရေး တပ်ဖွဲ့များက ၅ဝ မမ များဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး စစ်တပ်က ရွာသူရွာသားများ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် လုပ်ဆောင်ခဲ့သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့- Myinmu Civil Revolution Force၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံ ခြုံရေးအဖွဲ့ – CDSOM၊ PDF TALOKE၊ MGN TIGER၊ MGN RANGER၊ Shwe Ao Revolution Force၊ နှလုံးလှ လူမိုက်ကြီးများအဖွဲ့၊ Myaung Fighten 27 Revolution Force၊ YSO – ISA ရေလယ်ကျွန်းပြောက်ကျားတပ်၊ Wolf Brothers အဖွဲ့နှင့် Myaung Famer Defense Force တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s