ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းမှ ရဲတပ် သား ၁ ဦး G3 သေနတ် ၁ လက်နှင့်အတူ အ လင်းဝင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းမှ တပ်သား ၁ ဦးသည် G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆံ ၁၀၀ တောင့်နှင့်အတူ ဒေသကာကွယ်ရေးအဖွဲ့ ၁ ဖွဲ့ဖြစ်သည့် Young Force (UG) အဖွဲ့ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်သားသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်လို၍ ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းခြင်းဖြစ် ကြောင်း Young Force (UG) အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တပ်သားကို လမ်းစရိတ် ၁ သိမ်း ထောက်ပံ့ခဲ့ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း Young Force (UG) အဖွဲ့ထံမှ သိရှိရသည်။

ရေစကြိုမြို့နယ်အတွင်းရှိ ပခန်းကြီးရဲစခန်းနှင့် ပခန်းငယ်ရဲစခန်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s