ရွှေကူနယ်တွင် KPDF တပ်များနှင့် စစ်တပ် အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင် စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံး၊ ကန်ပက်လက်နှင့် မတ္တရာဘက်တို့တွင်လည်း တိုက် ပွဲဖြစ်ပြီး စစ်သား ၂၉ ဦး သေဆုံးဟုဆို

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်တပ် ခမရ ၄၁၅ စစ်ကြောင်းကို မြို့လှ PDF တပ်ဖွဲ့က ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ရာ စစ်သား ၅ဝ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြို့လှ PDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၅ဝ မိနစ်ခန့်အချိန် ရွှေကူမြို့နယ် ရွှေငြိမ်း ချမ်းရွာနှင့် ကျောက်ကြီးရွာ အကြားသို့ ထိုးစစ်ဆင်လာသော စစ် တပ် စစ် ကြောင်းကို မြို့လှ KPDF တပ်ဖွဲ့က တိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ ထိခိုက် သေဆုံးမှု များပြားခဲ့သောကြောင့်စစ်တပ်ဘက်မှ ၁၂၁ တပ်မှ စစ်ကူများရောက်ရှိလာကြောင်း၊ တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ ချင်းပြည်နယ် ကန်ပက်လက်တွင် ယနေ့နှင့် ယခုရက်ပိုင်းအတွင်းတိုက်ပွဲမျာဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၉ ဦးသေဆုံးကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၂ ရက်နေ့တွင် CDF-Kanpetlet နှင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အကြား နံနက် ၈ နာရီခန့်မှစပြီး ညနေ ၅ နာရီခန့်အထိ တစ်နေကုန်နီးပါးတိုက် ပွဲပြင်းထန်ခဲ့ကြောင်း၊ CDF-Kanpetlet ၏ Vakok စခန်းကို သိမ်းပိုက်ထားသော စစ်ကောင်စီတပ်ဖွဲ့ကို CDF-Kanpetlet တပ်ဖွဲ့က ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်က Vakokတပ်ရင်းစခန်းကို မီးရှို့ခဲ့ကာ အလုံးအရင်းဖြင့်ထွက်လာကြောင်း၊ယင်းနောက် ကျော့တော်ရွာနှင့်အံပုံရွာအထိ CDF တပ်များကို လိုက် လံထိုးစစ်ဆင်လာသဖြင့်CDF-Kanpetlet တပ်ဖွဲ့ဝင်များကလည်း အပြင်း အထန်ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြေင်း သိရှိရသည်။
Vakok တပ်ရင်းစခန်းနှင့်ကျော့တော်ကျေးရွာ၊အံပုံကျေးရွာ တိုက်ပွဲတွင် စစ် တပ်ဘက်မှ ၁၁ ဦးခန့်သေဆုံးပြီးဒဏ်ရာရရှိသူများလည်းအများအပြားရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၂ ရက်နေ့ညပိုင်းတွင် အံပုံကျေးရွာ၌စခန်းချပြီး ကျေးရွာရှိနေအိမ်များဖောက်ထွင်းခြင်း၊အိမ်မွေးတိရိစ္ဆာန်များဖမ်းဆီးသတ်ဖြတ်စားသောက်ကြကြောင်း၊ ရပ်ထားသော မော်တော် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးကြောင်း သိရှိရသည်။
ထို့ပြင် ကန်ပက်လက်မြို့ပေါ်တွင်တပ်စွဲထားသောစစ်တပ်များကိုလည်း မြို့ပြင်တိုက်ပွဲ ဖြစ်နေသောနေရာများသို့ စစ်ကူ မသွား နိုင်ရေး အ တွက် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ ၃ နာရီ ၃၀ မိနစ်အချိန်အထိ CDF က ဝင်ရောက် တိုက်ခိုက်ကြောင်း၊ ကန်ပက်လက်မြို့ပေါ်ထွေအုပ်ရုံး၌ တပ်စွဲထားသောစစ်တပ်ကို တိုက်ခိုက်ရာ စစ်သား အနည်းဆုံး ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။
ဇွန်လ ၆ ရက်နေ့တွင် CDF-Kanpetlet ၏ တပ်ရင်း၇ မဟူရာတပ်ရင်းက မကွေး တိုင်း၊ အပေါကျေးရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် တိုက် ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အနည်းဆုံး ၃ ဦးသေဆုံးခဲ့ကြောင်း Chin Defense Force Kanpetlet က သတင်းထုတ်ပြန်သည်။
ထို့ပြင် မန္တလေးတိုင်း မတ္တရာမြို့နယ် ရေကြည်အုပ်စု တောင်နီတောင်ခေါင်းဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကားနှစ်စီးကို ယနေ့ ဇွန် ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန် မတ္တရာ အရှေ့ပိုင်းနယ် တောင်ကန်အုပ်စု ကင်း ကျေးရွာအရှေ့ဘက်ရှိ ကျောက်ကြမ်းတောင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ပွဲချင်းပြီး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် က သတင်းထုတ်ပြန်သည်။
တိုက်ခိုက်ခဲ့သည့် မိုင်းမှာ ပြင်းထန်သည့် ပဒေသာမိုင်းအမျိုးအစား ဖြစ်ပြီး ၁၀ သေသည့်အပြင် ပြင်းထန် ဒဏ်ရာရသူများနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မတ္တရာမြို့နယ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ်(ပ.က.ဖ-မတ္တရာ) နှင့် Mandalay People’s Defense Force (ပြည်သူ့ကာ ကွယ်ရေးတပ်မတော်- မန္တလေး) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit