ဝက်လက်မြို့နယ်၊ ရှိန်းမကား နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်များက ဝင်တိုက်ခိုက်ရာ စစ်တပ် အထိနာနေသဖြင့် စစ်ရဟတ် ယာဉ်ဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့ ဝက်လက်မြို့နယ်၊ ရှိန်းမကား နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်များက ယနေ့ ညနေပိုင်း ဝင်တိုက်ခိုက်ရာ စစ်တပ် အထိနာနေသဖြင့် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ် ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရှိန်းမကားနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သဖြင့် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များအကြား စတင်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ညနေ ၄ နာရီကျော်အချိန်တွင် တိုက်ပွဲ ပိုမိုပြင်းထန်ခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် စစ်သုံး ရဟတ်ယာဉ် ၁ စီးဖြင့် လာ ရောက် ပစ် ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” စခတွေ ဒီနေ့ ညနေ ၆ နာရီ လောက်ကစပြီး ရဟတ်ယာဉ်တွေနဲ့ တိုက်နေပါတယ်။ အခုဆို တိုက်ပွဲပြင်းထန်နေပါတယ်။ ရွာကိုဝိုင်းပြီး အပေါ်ကနေပစ်နေတာပါ။ လှတောရွာဘက်မှာလည်း စစ်ကားတွေနဲ့ အင်အားတိုးလာနေပါတယ်။ ရှိန်းမကားရွာအရှေ့ဘက်မှာဖြစ်တာ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာမှာ စစ်တပ်က တော်တော် အထိနာနေတယ်။ စစ်ကူတွေပါ ထပ်ခေါ်နေတာ တွေ့ရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ရှိန်းမကားရွာတွင် တပ်စွဲထားသည်မှာ ၂ လ ကျော်ခန့်ရှိပြီဖြစ်ပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များကလည်း မကြာခ ဏ လာရောက် တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ဝက်လက်မြို့နယ် ရှိန်းမကားတောင်ဘက်ရှိ ဘေးမဲ့တော အနီး သဲကုန်းတွင်ရှိသော တဲများကို ရှိန်းမကားစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် (၁၀) နာရီခန့်တွင် မီးရှို့နေသဖြင့် PDF ပူးပေါင်းတပ်များက သွားရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း PDF တပ်ပေါင်းစုများက သတင်းထုတ်ပြန်သည်။

ယနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် PDF ပူးပေါင်း အဖွဲ့ ရှိန်းမကား နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တရစပ် လာရောက် ပစ်ခတ်သောကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ စစ်တပ်ဘက်မှ အထိအခိုက် မသိရသေးကြောင်း သိရှိရသည်။

ရှိန်းမကား နယ်မြေရဲစခန်းကို ဝင်တိုက်ခိုက်ခဲ့သော PDF မဟာမိတ်အဖွဲ့များတွင် တောကြီးမြွေပွေး၊ လျှပ်စီး‌ပျောက်ကျား-ဝက်လက်၊GZ Special Task Force၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊Adventure၊Tiger King နှင့် LDF များပါဝင်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s