အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများအ စည်းအဝေးတွင် မြန်မာ့အရေး ဆွေးနွေးမည်ဟု မလေးရှားဝန်ကြီး ပြော

“အာဆီယံနိုင်ငံခြားရေဝန်ကြီးတွေအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပါအဝင် မြန်မာ့အရေးတွေကို ဘယ်လိုထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မလဲဆိုတာကို လေးလေးနက်နက် စဉ်းစားကြဖို့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း အချက်အလက် အသေးစိတ်နဲ့ သေချာရေးဆွဲထားတဲ့ လမ်းပြမြေပုံကိုလည်း ရေးဆွဲထားဖို့ လိုပါလိမ့်မယ်။ အဲဒီကနေမှ အာဆီယံဟာ ဒီအချက်တွေကို ဖော်ဆောင်နိုင်ခြင်း ရှိ၊ မရှိ ပြန်ပြီးသုံးသပ်ကြရမယ်။ တကယ်လို့ အကူအညီတောင်းရမယ်ဆိုရင်လည်း ကျနော်တို့နဲ့ ဆွေးနွေးဘက် နိုင်ငံတွေထဲက ဘယ်နိုင်ငံကနေ အကူအညီတောင်းရမယ်ဆိုတာကို ထပ်ပြီးရွေးချယ်ကြရမယ်။”
အင်ဒါရာမာကိုတာမြို့နယ်ရဲ့ လွှတ်တော်အမတ်လည်းဖြစ်သူ ဆိုင်ဖူဒင်က မြန်မာနိုင်ငံကို ဘက်လိုက်ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီများ မျှမျှတတ လိုအပ်တဲ့နေရာတွေကို ရောက်ရှိစေရေးနဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံလာသူ ဒုက္ခသည်တွေနဲ့ သေဆုံးသူအရေအတွက်ဟာ တိုးတိုးလာနေတာကြောင့် မြန်မာအရေးကို အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။
လတ်တလောဖြစ်ပျက်နေတဲ့ မြန်မာ့အရေးရဲ့ သက်ရောက်မှုတွေဟာ ပတ်ဝန်းကျင်နိုင်ငံတွေကို ဖိအားဖြစ်လာနေစေတာကြောင့် ဒါဟာပြည် တွင်းရေးမဟုတ်တော့တဲ့အကြောင်း မြန်မာနိုင်ငံကို အလေးအနက်ပြောကြားထားကြောင်းနဲ့ လတ်တလော မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်နေသူ ၁ ဒသမ သန်းလောက်နဲ့ မလေးရှားကို ထွက်ပြေးတိမ်းရှောင်နေသူ ၁ သိန်းခွဲခန့်ရှိပြီး ဒီအရေအတွက်မှာငြိမ်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူ မြန်မာနိုင်ငံသားတွေကို လက်ခံဖို့အဆင့်သင့်ဖြစ်နေကြောင်းဖော်ပြလာတဲ့ နိုင်ငံအတော်များများလည်းရှိနေပြီလို့ သိရပါတယ်။
ဘယ်နိုင်ငံတွေက လက်ခံမယ်ဆိုတာကို ထုတ်ဖော်မပြောခဲ့ပေမဲ့ အရင်က ကိုဗစ်-၁၉ ကြောင့် အခြေချနေထိုင်ခွင့်အတွက် လက်ခံမယ့်အစီအ စဉ်တွေ ရပ်တန့်နေပေမဲ့ အခုချိန်မှာတော့ ကိုဗစ်-၁၉ မတိုင်ခင်ကာလကထက်ပိုပြီး အခြေချနေထိုင်ခွင့်ပြုမယ့်အရေအတွက်ကို တိုးမြှင့်လိုတဲ့ နိုင်ငံကြီး နှစ်ခုလောက်ရှိနေတယ်လို့ပြောခဲ့ကြောင်း Malay Mail သတင်းမှာဖော်ပြထားပါတယ်။
နယူးဒေလီမြို့မှာ ၂ ရက်တာ ကျင်းပမယ့် အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာတော့ မြန်မာစစ်ကောင်စီခန့် နိုင် ငံခြားရေးဝန်ကြီးကို ဖိတ်ကြားတာမရှိပါဘူး။ DVB