Monthly Archives: Jun 2022

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက် ခိုက်ခံရပြီး စစ်သား ၃၁ ဦး သေ ဆုံးပြီး အများအပြားဒဏ်ရာရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး စစ်သား ၃၁ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် PDF များ၏ ပြောဆိုချက်များအရ သိရှိရသည်

ငါန်းဇွန်မြို့အဝင်ဂိတ် ဗုံးခွဲခံရပြီး စစ်သား ၁ ဦးသေဆုံး

==============================

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ ငါန်းဇွန်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက်ပိုင်းတွင် Zero ပျောက်ကြားတပ်ဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန် မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ငါန်းဇွန်မြို့ဂိတ်ကို ဒီနေ့ မနက်ပိုင်း ဗုံးနဲ့ပစ်ခံရလို့ ရဲ ၂ ဦး၊ စစ်သား ၁ ဦး မြို့နယ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားပါတယ်။ စစ်ခွေးတွေ ရမ်းပစ်လို့ ပြည်သူအမျိုးသမီးတစ်ဦး လက်မောင်းကို ကျည်ထိမှန်ပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်စ်သတင်းဌာနသို့ ပြောဆိုသည်။

ပဲခူး၊ ထန်းတပင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး

===============================

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဖြတ်လမ်းကူကျေးရွာနားတွင် ယနေ့ နံနက် ၁၁ ခွဲအချိန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း၊ ခလရ ၇၃တပ်ရင်း အပစ်ခံရပြီးနောက် အုတ်တွင်းမြို့နယ်ဘက်မှ စစ်အင်အား ၁၀၀ တက်လာကြောင်း၊ စစ်ကောင်စီတပ်ကို PDF ဘုရင့်နောင်တပ်ရင်း တောင်ငူ ခရိုင် ၃၅၀၁ တပ်ခွဲ၂၊ ၃၅၀၂တပ်ရင်း၊ KNLAတပ်ရင်း၆ တို့က ပူးပေါင်းတိုက်ခိက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီမနက်တိုက်ပွဲမှာ စစ်တပ်က လက်နက်ကြီးတွေ တအားသုံးတယ်။ ပြီးတော့ အရပ်သား ရွာသားတွေကို ဒိုင်းအကာလိုကာဗာယူလာတယ်” ဟု PDF သတင်းရင်းမြစ်က ပြောသည်

ပုလဲမြို့တွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်သား ၂ ဦးသေဆုံး

====================================

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့အရှေ့မြောက်ဘက်တွင် ကင်းလှည့်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေ ၄ ဦး ဒဏ်ရာရကြောင်း ဒေါင်းနက် နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

“သူတို့ဘက်က တခြားအဖွဲ့တွေက လှမ်းပစ်တာတော့ရှိတယ်။ သူတို့ ၆ ယောက်ကတော့ မပစ်နိုင်ဘူး ။ တခြားအဖွဲ့တွေကတော့ မိုင်းဆွဲတဲ့ ရဲဘော်တွေကို လှမ်းပစ်တာတော့ရှိတယ်။ ကျွန်တော်တို့ကလည်း ထွက်ပြေးလာခဲ့တာ ” ဟု ဒေါင်းနက် နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များမှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရေစကြိုတွင် စစ်ကြောင်း မိုင်းဆွဲခံရ

====================

ဇွန်လ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(People Defense Force Yesagyo) ၊ သိမ်းငှက်ပြောက် ကျားတပ်ဖွဲ့၊ ရေလည်ကျွန်းတပ်ပေါင်းစုတပ်ရင်း မဟာမိတ် (၃) ဖွဲ့ပူးပေါင်း၍ နံနက် ၈ နာရီဝန်းကျင်ခန့်အချိန် ကျောက်ဖူးရွာတွင် ညအိပ်ပြီးထွက်လာသော အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ကျောက်ဖူးရွာ နှင့် မိဖုရားရွာ အကြား ပဒေသာမိုင်း အတွဲများဖြင့် ၂ ကြိမ် တိုက် ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အထိ အခိုက်သေဆုံးမှုများပြားကြောင်း၊ အတိအကျ မသိရသေးကြောင်း ရေစကြို PDF က ပြောသည်။

ထီးချိုင့်တွင် စစ်သား ၃ ဦးသေဆုံး

===================

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်၊ ပေါက်ကုန်းရွာတွင် ညအိပ်ခဲ့သော စစ်သား ၄၀ ဦးကို အလယ်တော သင်္ချိုင်း ကုန်းအနီးတွင် ထီးချိုင့်ပကဖ များက မိုင်း ဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ၊ မိုင်းဆွဲ ခံရချိန် စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး အလယ်တောရွာထဲ ပြေးဝင်သွားကြောင်း၊စစ်သား အလောင်းများကို အလယ်တော သုသာန်တွင် စုပုံထားကြောင်း ၊ ပ.က.ဖ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် TR Team က သတင်းထုတ်ပြန်သည်။

မြိုင်တွင် စစ်သား ၄ ဦးသေဆုံး

================

ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မကွေးတိုင်း၊မြိုင်နယ်၊ ကန်နီ‌ရွာမှ အင်အား ၃၅ ဦးပါ စစ်ကြောင်း ထွက်ရှိလာရာ MVRF ၏ရဲဘော်များနှင့် စစ်တပ်အကြား းအပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်သားများက းမိုင်းကွင်းထဲရောက်လာ၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ် သား ၄ ဦးသေဆုံးကြောင်း ၊ MVRF ၏ရဲဘော်များက လက်နက်ကြီးများဖြင့် စစ်သားများရှိရာသို့ ပစ်၍ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ချောင်းဦးတွင် ပျူစောထီး ၆ ဦးသေဆုံး

=====================

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ဇွန်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်ကြောင်း အားကိုး၍ ထွက်လာသော ကံကျကုန်းကျေးရွာမှ ပျူစော ထီးများကို CHU LDF & CRA ပူးပေါင်းတပ်များက တိုက်ခိုက်ရာ မိနစ် ၄၀ ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုများကြောင့် ပျူစောခွေး ၆ ဦး သေဆုံးသွားကြောင်း ချောင်းဦးPDF မဟာမိတ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MNDAA ၏ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၄ဦးသေ

========================================

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီခရိုင်အတွင်း၌ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်မတော်(MNDAA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄ဦးသေဆုံးခဲ့ကြောင်း ၊ဇွန်လ ၁၂ရက် မွန်းလွဲ ၁နာရီခွဲကျော်အချိန်တွင် တိုက်ပွဲစတင်ခဲ့ပြီး ၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

အင်းတော်မြို့နယ်တွင် စစ်သား ၉ ဦးသေဆုံး

=========================

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ယနေ့ နံနက် ၉နာရီခွဲအချိန်ခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့စစ်ကြောင်း၃ကြောင်းဖြင့် ခွဲတတ်လာသော အင်အား၉၀ ကျော်ပါ စစ်ကြောင်းကို အင်းတော် မြေပြင် PDFတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၉ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိနိုင်ကြောင်း၊ အင်းတော်သတင်းရင်းမြစ် Indaw Revolution-IRက သတင်းထုတ်ပြန်သည်။ khit thit

မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ၂ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီကွန်တိန်နာကား ခြောက်စီးပါယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များက မြင်းမူမြို့နယ်ရှိနေရာနှစ်ခုတွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force – MMU က ထုတ်ပြန်ထားသည်။

အဆိုပါယာဥ်တန်းအား ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြား ပဒေသာမိုင်းသုံးလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ရာ ဒုတိယမြောက်ကား ထိမှန်ခဲ့ကြောင်း သိရသည်။

“ပထမစစ်ဆင်ရေးမှာ ကားခေါင်းပိုင်းကိုထိတာ၊ ကားက ကွန်တိန်နာဆိုတော့ အထိအခိုက်နည်းမယ်လို့ တော့ ယူဆရပါတယ်”ဟု Black Eagle Defence Force – MMU ပြန်ကြားရေးပိုင်းမှ ဗိုလ်သုံးဆယ်က ပြောသည်။

ထို့နောက် နံနက် ၁၁ နာရီ ၄၀ မိနစ် ဝန်းကျင်တွင် ၎င်းယာဥ်တန်းအား ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြား၌ ပဒေသာမိုင်းသုံးလုံးဖြင့် ထပ်မံတိုက်ခိုက်ရာ စတုတ္တမြောက်ကားကို တည့် တည့်ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အတည်ပြုပြောဆိုသည်။

“ စစ်ဆင်ရေး ၂ မှာကျတော့ တော်တော်ထိတယ်ဗျ။ အဲ့နားမှာရှိနေတဲ့ ဒေသခံတွေရဲ့ပြောပြချက်အရ စစ်ဆင်ရေး ၂ မှာ ဦးခေါင်းဒဏ်ရာနဲ့တစ်ယောက်ကို သယ်သွားတယ်လို့တော့ သိရတယ်။ ကားတွေက တော့ မုံရွာဘက်ကို ရောက်သွားပါပြီ။ မုံရွာကိုဝင်တဲ့အချိန်မှာတော့ ကားတစ်စီးတော်တော်ထိလာတာ ပါတယ်လို့ပြောတယ်ဗျ” ဟု ဗိုလ်သုံးဆယ်က ဆက်ပြောသည်။

အဆိုပါမိုင်းဆွဲမှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးပေ။

လက်ရှိ အဆိုပါစစ်ကောင်စီ ယာဉ်တန်းမှာ မုံရွာမြို့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ကာကွယ်ရေးတပ်က ပြောသည်။

ယခုမိုင်းစစ်ဆင်ရေးအား မြင်းမူမြို့အခြေစိုက် Black Eagle Defence Force-MMU မှ ဦးဆောင်၍ People’s Defence Force Myinmu-MMU PDF၊ Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force(မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့) နှင့် မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOMတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ mizzima

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ရွှေကူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဇွန် ၁၄ မနက် ဒီမနက် ၁၀ နာရီလောက်က စစ်ကြောင်း ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထီးချိုင့်တော်လှန်ရေးအဖွဲ့ Tigyaing Revolution TR ကထုတ်ပြန်ပါတယ်။

ထီးချိုင့်မြို့နယ် ပေါက်ကုန်းကျေးရွာကနေ အလယ်တောကျေးရွာသို့ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ လောက်ကို ဒေ သခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေ သခံတွေဆီကသိရပါတယ်။

ဒေသခံ တစ်ဦးက  “စစ်တပ်က အယောက် ၄၀ လောက်ရှိမယ်။ ပေါက်ကုန်းကနေ အလယ်တောကို တက်လာတာ။ အလယ်တော သင်္ချိုင်းနားမှာ PDFက မိုင်းဆွဲတာ။ စစ်တပ်က ကောင်တွေ သေတာလည်းရှိတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်။ ဘယ်နှယောက် သေလဲတော့ တိ တိကျကျမသိရဘူး။ မိုင်းဆွဲခံရပြီးတော့ သေနတ်တွေပစ်ပြီး အလယ်တောရွာထဲ ပြေးဝင်သွားတယ်”လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၃ ယောက်သေဆုံးပြီး ဒဏ်ရာရရှိ သူတွေလည်းရှိကြောင်း ထီးချိုင့်တော်လှန် ရေးအဖွဲ့ Tigyaing Revolution TR က သတင်းထုတ်ပြန်ပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာလည်း ကသာမြို့သွားရာလမ်းမကြီးဘက်မှာ ကေအိုင်အေ၊ PDF ပူပေါင်းတပ်နဲ့ စစ်ကောင်စီတပ် ခမရ (၄၁၅) တပ်ဖွဲ့တို့ ဇွန် ၁၃ ရက် မနက် ၉ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းကျေးရွာကနေ ကျောက်ကြီးကျေးရွာကို တပ်ရွေ့ပြောင်းလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသအခေါ် ၇ မိုင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အနီးအနားဒေသခံတစ်ဦးကဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ခလရ ၁၂၁ က စစ်ကောင်စီ၀င်တွေ စစ်ကူရောက်ခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးကာ  ၁၂ မိုင်ကျေးရွာကို တပ်ဆုတ်သွားပြီလို့ PDFအဖွဲ့က ထုတ်ပြန်ထားပေမဲ့ နှစ်ဖက်တပ်တွေ ထိခိုက်သေဆုံးတဲ့ အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲမကြာခဏပြင်း ထန်ခဲ့ပြီး ဇွန်လ ၃ ရက်ကလည်း သင်္ဘောလုံခြုံရေးယူဖို့ မိုးစစ်ကျေးရွာမှ ဆင်တပ်ကျေးရွာဘက်ကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရ ပါတယ်။ DVB

ဝက်လက်မြို့နယ်၊ မဲကုန်းရွာနှင့် ဒီပဲယင်းမြို့ နယ်၊ မူးကမ်းကြီးရွာကို စစ်တပ်က မီးတင်ရှို့နေ၊ ဆိပ်ခွန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးထိမှန်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မဲကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့နေကြောင်း ဒေ သခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် တမာကုန်းရွာကို ဇွန်လ ၁၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယနေ့ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ပိုင်းမှာ စတင်ကာ မဲကုန်းရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

” အကြမ်းဖက် စစ်တပ်က မဲကုန်ရွာကို မီးရှို့နေတာပါ။ ပျက်စီးဆုံးမရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃ဝ မိနစ်က စတင်ကာ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘို အနောက်ခြမ်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် မူးမြစ်အနီးနားရှိ မူးကမ်းကြီးရွာကို မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။

” ဒီပဲယင်း မူးကမ်းကြီးရွာကို ဒီနေ့ ၃နာရီ ခွဲလောက်မှာ ရွှေဘိုနယ် ပေါက်ချိုင်ရွာကို မီးရှို့တဲ့ စစ်တပ် စစ်ကြောင်းကပဲ မီးရှို့နေတယ်။ ရွှေဘို အ နောက်ခြမ်း ဒီပဲယင်း အရှေ့ခြမ်းကြားမှာ ဒီနေ့ ၁၁ နာရီလောက်က ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး မူးမြစ်အနီးက မူးကမ်းကြီးရွာကို မီးရှို့နေတာ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကျေးရွာအ တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦးလက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဆိပ်ခွန်ရွာ ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ရဲများက ရွာအနောက်ဘက်ကို လက်နက်ကြီးများ ရမ်းသမ်း ပစ် ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိပ်ခွန်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်က ရွာအနောက်ဘက်ကို လက်နက်ကြီးတွေ ရမ်းပြီးပစ်တာ သားအမိ ၂ ဦးကို လက်နက် ကြီးထိတာပေါ့။ အမေဖြစ်သူကတော့ ပေါင်ရင်းအသားတွေ မရှိတော့ဘူး။ အရိုးပဲကျန်တော့တယ်။ ဖြတ်ရမယ်လို့တော့ သိတယ်။ ကလေးကတော့ လက်မောင်ကို ထိမှန်သွားတယ်။ အမေဖြစ်သူကတော့ အခြေအနေ စိုးရိမ်ရတယ် ဆေးရုံကို ပို့ထားတယ် အခြေအနေအသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်နှင့် ရဲများသည် ရဲစခန်းဝန်းကျင်၌ ကင်းပုန်းများချထားကာ လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။ khit thit

ယဉ်လတ်နေအိမ် မိုင်းဆင်ဖောက်ခွဲမှု ပြည်သူတိုင်ကြားမှုများလာခြင်းကြောင့် လုပ်ဆောင်ရခြင်းဖြစ်ဟုဆို

စစ်ကောင်စီဒေါက်တိုင် သရုပ်ဆောင်ယဉ်လတ်နေအိမ် အဝေးထိန်းစနစ်ဖြင့် မိုင်းထောင်ဖောက်ခွဲမှုသည် ပြည်သူတိုင်ကြားမှုများလာခြင်းကြောင့် Free Fighter force အနေဖြင့် မိုင်းထောင်ဖောက်ခွဲခြင်းဖြစ်သည်ဟု ဗိုလ်ဒေးဗစ်က ပြောသည်။

ဇွန် ၁၃ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ဥဿဖရားလမ်းရှိ ယဉ်လတ်နေအိမ်အား ရန်ကုန်အခြေစိုက် Free Fighter forceနှင့် Yangon People Defense Force(Bahan) တို့ပူးပေါင်း၍ အဝေးထိန်းစနစ်ဖြစ် မိုင်းထောင်ဖောက်ခွဲခဲ့သော်လည်း မိုင်းError ဖြစ်ပြီးမပေါက်ကွဲခဲ့ပေ။

ယင်းအပေါ် လုံခြုံရေးအရ မည်သို့ ဆက်လုပ်သွားမည်ကို မပြောဆိုနိုင်သော်လည်း ထပ်မံစောင့်ကြည့်ရမည့်သူစာရင်းတွင် ထည့်သွင်းထားကြောင်း ဆိုသည်။

“ဒီအတွက် ကျွန်တော်တို့ သေချာပြင်ဆင်ထားခဲ့တာပါ။ နောက်ထပ် မစ်ရှင်တွေကိုလည်း အခြားမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်။ လုံခြုံရေးအရ ဘာဆက်လုပ်သွားမလဲ ဆိုတာကို စောင့်ကြည့်ရမယ်ပေါ့။ ကျွန်တော်တို့ဘက်က ဒီလိုလုပ်လိုက်တဲ့အတွက် သူတို့ဘက်ကလည်း ပြင်ဆင်တာတွေ ရှိလာနိုင်တယ်။ စကတွေ ရောက်လာပြီး မိုင်းကို ဖြုတ်သိမ်းသွားပါတယ်”ဟု ပြောသည်။

ယဉ်လတ်၏ နေအိမ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နို၀င်ဘာလအတွင်းက ပထမအကြိမ် ဗုံးဖောက်ခွဲခံရပြီးနောက် ယခု ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက်တွင် ဒုတိယအကြိမ်မြောက် မိုင်းထောင်ဖောက်ခွဲခံရခြင်း ဖြစ်သည်။ mizzzima

မုံရွာမြို့တွင် မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ရွှေဝါရောင်လမ်းမှာ ဇွန် ၁၃ ရက်က မြို့ပြပြောက်ကျားအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကို လာရောက်ရှင်းလင်းရာမှာ မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ယောက်သေဆုံးသွားတယ်လို့ မုံရွာမြို့ပြပြောက်ကျားအဖွဲ့က ပြောပါတယ်။

ဒေသခံမြို့ပြပျောက်ကြားတပ်ဖွဲ့တွေက ဇီးကွက်စစ်ဆင်ရေးဗျူဟာအရ မိုင်းထောင်ခဲ့တာမှာ ပေါက်ကွဲခဲ့တာ DRPA ရဲ့ မုံရွာမြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့က သူတို့ (စစ်ကောင်စီတပ်ဖွဲ့) မြင်သာအောင် တမင်သက်သက်ထောင်ထားတာ။ ကြွမိုင်းဆိုတော့ ဖယ်ပြီး ဆွဲဖြုတ်လိုက်တာနဲ့ ထကွဲတာပေါ့။ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ် ယောက်သေပြီး ကျန်တဲ့ အနီးမှာရှိတဲ့ ဘေးကတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရတယ်။ ဇီးကွက်စစ်ဆင်ရေးဗျူဟာတခုအရ အကွက်ဆင်တိုက်ခိုက်ခဲ့တာပါ။” 

အဲ့ဒီတိုက်ခိုက်မှုကို DRPA မုံရွာမြို့ပြပြောက်ကျားရဲဘော်တွေ၊ M.A.C.T ထောက်ပို့တပ်၊ Monywa Night King အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း မုံရွာမြို့ အောင်သပြေလမ်းနဲ့ အာဇာနည်လမ်းဆုံနေရာမှာ မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းပေါက်ကွဲမှုကြောင့် ၅ ဦးသေဆုံးခဲ့ပါတယ်။ DVB

မန္တလေး ရွှေစာရံ အမှတ် ၄ လုံခြုံရေးရဲတပ် ရင်းတွင် ရဲဒုတပ်ကြပ် ဝေယံဖြိုးကို ပစ်သတ်သူ ရဲတပ်ကြပ်စိုးတင့်ကို လူသတ်မှုဖြင့် ပုသိမ် ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံ အမှတ် ၄ လုံခြုံရေးရဲတပ်ရင်းတွင် ဇွန်လ ၁၂ ရက်နေ့ ညပိုင်း စကားများရန်ဖြစ်ရာမှ ရဲဒုတပ်ကြပ် ဝေယံဖြိုးကို ပစ်သတ်သူ ရဲတပ်ကြပ်စိုးတင့်ကို လူသတ်မှုဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲကျော်အချိန် ရဲအချင်းချင်း အရက်မူး ရန်ဖြစ်စကားများရာမှ ရဲတပ်ကြပ်စိုးတင့်က ဒုတပ်ကြပ် ဝေယံဖြိုးကို ပစ် ခတ်သဖြင့် သေ ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ်ကြပ်စိုးတင့်ကို ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

“ပစ်တာက ၃ချက်။ ပထမတချက်ကမထိဘူး။ ဒုတိယတစ်ချက်မှာ ခြေထောက်ကိုထိတယ်။ နောက်ဆုံးအချက်က ကျောကုန်းထိတာ။ အာ့မှာ တစ်ခါတည်းပွဲချင်းပြီးသေတာ။ ဒုရဲတပ်ကြပ်ဝေယံဖြိုးက ဂစ်တာတီးနေတာ။ သေသူကတာဝန်ချိန်မဟုတ်ဘူး။ ဂစ်တာတီးသီချင်းဆိုနေတာ။ဂိတ်ပေါက်မှာ။ သူ့အိမ်ကဂိတ်ပေါက်နားမှာ။ ရဲတပ်ကြပ်စိုးတင့်ကလည်း တာဝန်ချိန်ပေမယ့် သေနတ်မကိုင်ရဘူး။အဲဒါကို သူများ သေနတ်လုပ်ပြီး ပစ်တာလို့ သိရတယ်။ နှစ်ဦးစလုံး အရက်မူးနေကြတာ” ဟု ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ khit thit

စစ်ကိုင်းအခြေစိုက် ဇေယျာတိုင်းမ်သတင်းအယ်ဒီတာ ကိုစောရန်ပိုင်အားမတွေ့သဖြင့် အစ်ကိုဖြစ်သူကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းပေ့ခ်ျအယ်ဒီတာ ကိုစောရန်ပိုင်၏အစ်ကိုဖြစ်သူအား စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

“ဇွန်လ ၁၁ ရက်နေ့က သူ့အိမ်ထဲ၀င်ဖမ်းခံရတာ။ ညီကိုမတွေ့လို့ အစ်ကိုကို ဖမ်းတာပါ။ သူ့ညီ (ကိုစောရန် ပိုင်)က စကစကလိုက်ဖမ်းနေလို့ ရှောင်နေရတယ်လေ။ အဲဒါ ဓားစာခံသဘောမျိုး ဖမ်းတာနေမှာ” ဟု စစ်ကိုင်းမြို့ခံ သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသူသည် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်နေထိုင်သူ ကိုရဲနိုင်ဆွေ(အသက် ၄၀ နှစ်)ဖြစ်ပြီး ၄င်း သည်လည်း သတင်းထောက်ဟောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။

ကိုရဲနိုင်ဆွေကို ဇွန်လ ၁၁ ရက်နေ့က နေအိမ်အတွင်း၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကိုင်းမြို့မရဲစခန်း၌ ချုပ်ထားကြောင်းလည်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းပေ့ခ်ျ၏အယ်ဒီတာ ကိုစောရန်ပိုင်သည် Eleven Media တွင် လည်း သတင်းထောက်အဖြစ် လုပ် ကိုင်ခဲ့ဖူးကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်မေလ ၂၉ ရက်နေ့ကလည်း မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မန္တလေး တိုင်းဒေသကြီး)၏ ကန်တော့ခံသတင်း စာဆရာကြီး ဦးကြည်အောင်(အသက် ၇၇ နှစ်)ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်။

လက်ရှိတွင် စစ်ကိုင်းမြို့၌ ဖမ်းဆီးခံသတင်းထောက် လေးဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။ mizzima

« Older Entries