ကန်ပက်လက်တိုက်ပွဲတွင် CDF ရဲဘော် ၁ ဦး ဒဏ်ရာရ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ဇွန် ၁၃ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ကန်ပက်လက် တပ်မဟာမှူးက ပြောပါတယ်။

“ကန်ပက်လက်မြို့နယ် အံပုံရွာမှာ ညအိမ်စခန်းချတဲ့ စစ်(…)တွေဟာ ပြည်သူတွေရဲ့နေအိမ်က ပစ္စည်းနဲ့ ငွေကြေးတွေကို ဖောက်ထွင်းခိုးယူပြီး ရှေ့ကိုဆက်မတက်ဘဲ နောက်ကြောင်းပြန်လှည့်တာဗျ။ CDF ရဲဘော်တွေစောင့်နေတဲ့ ရှေ့ဘက်ကို ဆက်မတက်ဘဲ နောက်ကျောဘက်က နေ ရာယူထားတဲ့ ရဲဘော်တွေဘက်ကို ရုတ်တရက် ပြန်လှည့်လိုက်တော့ မထင်မှတ်ဘဲ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်” လို့ CDF-ကန်ပက်လက်ရဲ့တပ်မဟာမှူး ကိုရှိန်းထန်းက ဒီဗွီဘီကိုပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ မကွေးတိုင်းဘက်က အောက်လက်မွန်ရွာနဲ့ ကျောက်စစ်ကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ CDF-ကန်ပက်လက်က ရဲဘော်တယောက် ဦးခေါင်းမှာ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ဇွန်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေနဲ့ CDF-ကန်ပက်လက်တို့ တနေကုန်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၆ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေး ပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s