ကျောင်းအပ်နှုန်း ၁၀ ရာခိုင်နှုန်းအောက်သာရှိ ၍ ကျောင်းသားမိဘများကို စစ်ကောင်စီက အ စည်းအဝေး ခေါ်

ဧရာဝတီတိုင်း၊ ဟင်္သာမြို့နယ်၊ ဟင်္သာတနည်းပညာတက္ကသိုလ်တွင် ကျောင်းအပ်နှုန်း ၁၀ ရာခိုင်နှုန်း အောက်သာရှိ၍ ကျောင်းမအပ်သည့် ကျောင်း သား၊ ကျောင်းသူများ၏ မိဘများကို ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ စစ်ကောင်စီက အစည်းအဝေးခေါ်နေကြောင်း ဒေသခံများထံမှသိရသည်။

ဟင်္သာတနည်းပညာတက္ကသိုလ်တွင် စစ်အာဏာမသိမ်းမီကာလက ကျောင်းတက်သူဦးရေ ၁,၀၀၀ နီးပါး ရှိခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင် ကျောင်းတက်သူ ၆၇ ဦးသာရှိကြောင်း CDM ဆရာတစ်ဦးက ပြောသည်။

ထို့ကြောင့် ကျောင်းမအပ်ပါက ပညာရေးနှောင့်နှေးမည်ဟုဆိုကာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများက ကျောင်းသားမိဘများ၏ နေအိမ်များသို့ အစည်းအဝေးတက်ရောက်ရန် လိုက်လံအကြောင်း ကြား နေခြင်းဖြစ်သည်။

“ဟင်္သာတနည်းပညာတက္ကသိုလ်မှာ ကျောင်းအပ်တဲ့သူအရမ်းနည်းနေတော့ ကျောင်းမအပ်ဘဲ ကျောင်း နားထားတဲ့ကျောင်းသားတွေရဲ့ မိဘတွေ ကို အစည်းအဝေးခေါ်နေတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း ကနေ အခုအချိန်ထိကျောင်းမအပ်ဘဲနေလာတဲ့ ကျွန်တော်တို့ကျောင်းသားမိဘတွေကတော့ လုံးဝ ကျောင်းမအပ်ပါဘူး။ ပညာရေးနှောင့်နှေးတယ်ဆိုတာထက် စစ်တပ်ကဦးဆောင်ပြီးဖွင့်တဲ့ ကျောင်းဖြစ်လို့ ကို ကျောင်းမအပ်တာပါ” ဟု ဒေသခံတစ်ဦး ကဆိုသည်။

စစ်အာဏာမသိမ်းမီအချိန်က ဝန်ထမ်းပေါင်း ၁၄၀ ဦးခန့်ရှိခဲ့သည့် ဟင်္သာတနည်းပညာတက္ကသိုလ်တွင် စစ်အာဏာသိမ်းပြီးနောက် CDM လှုပ် ရှားမှုတွင် ပါဝင်နေသူ ဆရာ၊ ဆရာမ ၆၇ ဦး ရှိကြောင်း ဟင်္သာတ မြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှသိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s