ချောင်းမီးတိုကျေးရွာ မီးရှို့ခံရမှု ဒေသခံ ၂ ဦး မီးလောင်ဒဏ်ရာရပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ချောင်းမီးတိုကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး မီးရှို့ခံရစဥ် ထွက်ပြေးသည့် ဒေသခံများကိုလည်း သေ နတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဇွန်လ ၈ရက်နေ့ ညနေပိုင်းက စစ်တပ်ကအရပ်ဝတ်၊ အိမ်စီးကားများနှင့် အယောင်ဆောင်ကာ ဝင်ရောက်လာပြီး ပစ်ခတ်ကာ ကျေး ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ည ၈နာရီခွဲခန့်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ နှစ်ဦးကျဆုံးကာ ဒဏ်ရာရသူများရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ထံက သိရသည်။
“ကင်းပုန်းချပြီးပစ်တာ၊ ရွာထဲကထွက်ပြေးလာတဲ့ ဒေသခံနှစ်ယောက်လည်း ဒဏ်ရာရတယ်၊ ရွာကတော့ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားတယ် “ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒေသခံများ အရေးပေါ်စားသောက်စရာများလိုအပ်နေပြီး ရွာသားအများစုမှာ ကျေးရွာအတွင်း ပြန်မဝင်ရဲဘဲ တော စပ် များတွင် ဖြစ်သလိုနေထိုင်နေရကြောင်း သိရသည်။ mizzima