စစ်ကိုင်းတိုင်းအတွင်းရှိရွာများ မီးရှို့ခံရမှုကာကွယ်နိုင်ရေး အမြန်ဆုံးလုပ်ဆောင်ရန် NUG ဝန်ကြီးချုပ်မှာကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာများ မီးရှို့ ခံနေရမှုမှ ကာကွယ်နိုင်ရေးအတွက် အမြန်ဆုံးနည်းလမ်းရှာလုပ်ကိုင်ရန် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားလိုက်သည်။

“အခုဆိုရင် စစ်ကိုင်းဘက်မှာ ရွာတွေကို မီးရှို့နေတာ နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နည်းလမ်းရှာပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အမြန်ကြိုးစားပေးစေချင်ပါတယ်” ဟု (၅၈) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် NUG ဝန်ကြီးချုပ်ကပြောသည်။

မိမိတို့ဘက်မှ အားသာမှုများရှိလာချိန်တွင် စစ်ကောင်စီဘက်က အစွမ်းကုန်ယုတ်မာမှုများရှိလာမည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများလည်း ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။

“စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့အတွင်းမှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေလည်း ဖော်ဆောင်နေတာ အတော်လေး အားကောင်းလာပြီဆိုပေမယ့် မြေပြင်အဖွဲ့အစည်း တွေ ဒီထက်ပိုပြီး အချိတ်အဆက်ရှိရှိ လုပ်ဆောင်သွားနိုင်ဖို့တွေလည်း လိုအပ်နေသေး တာအမှန်ပါ” ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

အညာဒေသ၏ စစ်ကောင်စီတော်လှန်ရေးမှာ အင်အားဖြစ်စေပြီး ကြားကာလအုပ်ချုပ်ရေးများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အထူးဂ ရုစိုက်လုပ်ဆောင်ပေးစေလိုကြောင်း ဝန်ကြီးချုပ်ကပြောသည်။

NUG လက်အောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းပေါင်း ၂၅၇ ရင်းခန့်အထိရှိပြီး MOD နဲ့ချိတ်ဆက်ဆောင်ရွက်နေသည့် ဒေသန္တရ ပြည်သူ့ကာကွယ်ရေးတပ် (Local PDF) ၅၀၀ခန့်ရှိသည်။

နွေဦးတော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိကျေးရွာများအား နေ့စဥ်ရက်ဆက် မီးရှို့ဖျက်စီးခြင်း၊ ပြည်သူများအား သတ် ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

စစ်အာဏာသိမ်းသော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ့ကစ၍ ယခုနှစ် မေ ၂၆ ရက်အတွင်း လက်နက်ကိုင်ပဋိပက္ခများအကြား မီးရှို့ဖျက် ဆီးခံရခြင်း သို့မဟုတ် လက်နက်ကျည်ထိမှန်၍ ပျက်စီးသော နေအိမ်၊အဆောက်အအုံ ၂၂,၂၉၉ လုံးထက်မနည်းရှိခဲ့ရာ စစ်ကိုင်းတိုင်းအတွင်း နေအိမ်၊ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှုမှာ ၇၀ ရာခိုင်နှုန်းနီးပါးဖြစ်သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာ​ရေးအင်စတီကျူ (ISP Myanmar)၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s