စစ်ကောင်စီက ပြုလုပ်မည့် ၂၀၂၃ ခုနှစ် ရွေး ကောက်ပွဲသည် ဒီမိုကရေစီအရွေ့လုံးဝမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အသွင်သဏ္ဍာန် ပြောင်းခြင်းသာဖြစ်

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲသည် ဒီမိုကရေစီအရွေ့လုံးဝမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အသွင်သ ဏ္ဍာန်ပြောင်းခြင်းသာဖြစ်သည်ဟု အဆိုပါရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အဖွဲ့အစည်း ၃၃ ဖွဲ့ က သဘောထား ထုတ်ပြန်ချက် တစ်ခုကို ယနေ့ ဇွန် ၁၃ ရက်က ထုတ်ပြန်လိုက်သည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး တိုက်ပွဲဝင်အင်အားစုအသီးသီး​၏ ရည်မှန်းချက်သည် စစ်အာ ဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေအပြီးအပိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ထောင်ရေး စသည့် သုံးချက်ဖြစ်ပြီး အဆိုပါရွေးကောက်ပွဲအား အသိအမှတ်ပြုလိုက်ပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်ရောက်သွားပြီး စစ်အာဏာရှင်စနစ်ကို ပိုမို ခိုင်မြဲသွားစေမှာ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက စီစဉ်ထားသည့်အတိုင်း ဖြစ်လာပါက စစ်အုပ်စုအနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး စသည့် အဖက်ဖက်တွင် အရူးမီးဝိုင်းဖြစ်နေသည့် အခြေအနေမှ တစ်စုံတစ်ရာ ဟန်ထုတ်ပြောပြ၍ ရနိုင်သည့် အနေ အထားအသစ်ကို ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

“အရေးကြီးသည့် အဆစ်အချိုးကာလဖြစ်သည့်အတွက် မိမိတို့ တော်လှန်ရေးအင်အားစုများအတွင်း ညီညွတ်ရေးကို အစွမ်းကုန် ထိန်းသိမ်းပြီး စစ်ကောင်စီ၏ လှည့်စားမှုများအကြား ယိမ်းယိုင်မှု မရှိကြစေရန် အချင်းချင်း ပို၍ သတိပေးကြ၊ လက်တွဲကြရမည် ဖြစ်သည်” ဟု တိုက်တွန်းထားသည်။

နွေဦးတော်လှန်ရေးအောင်ပွဲကို လူထုအားဖြင့်သာ၊ လူထု၏ နည်းသဏ္ဍန်ပေါင်းစုံသော တိုက်ပွဲများဖြင့်သာ အရယူနိုင်မည်ဟု တော်လှန်ရေးအင်အားစုများက အလေးအနက် ယုံကြည်ကြောင်းနှင့် စစ်ကောင်စီ ၏ ထွက်ပေါက်မှန်သမျှကို အခိုင်အမာပိတ်ဆို့သွားကြရန် ဖော်ပြထား သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s