စစ်ကောင်စီခန့်အပ်ထားသည့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး အား တာဝန်မှရပ်စဲ

စစ်ကောင်စီမှခန့်အပ်ထားသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သန်းဦး အား တာဝန်မှရပ်စဲလိုက်သည်ဟု သိရသည်။
ဇွန်လ ၁၀ရက်မှ စတင်ကာ တာဝန်မှရပ်စဲလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီမှ ယနေ့ ဇွန်လ ၁၃ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ တာဝန်မှရပ်စဲရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ရပ်စဲခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သန်းဦး အား ယခုနှစ် မတ်လ ၂၃ ရက်တွင် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
သတင်းများထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ တာဝန်မှရပ်စဲကြောင်း တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုစဥ်က ၎င်းအား ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ မြေယာကိစ္စများနှင့် ပတ်သက်မှုရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားသည့် ဦးအောင်သန်းဦးသည် ကြံ့ဖွံ့ပါတီအမတ်လောင်းတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် သန်လျင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။ mizzima