ဆားလင်းကြီးမြို့နယ် လင်းစာကျက်ကျေးရွာကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်းဒေသကြီး၊ဆားလင်းကြီးမြို့နယ်၊လင်းစာကျက်ကျေးရွာအားစစ်ကောင်စီမှ ဇွန်လ၁၂ရက်နေ့ ညနေ ၅နာရီ ၄၅မိနစ်အချိန်ခန့်တွင် မီ းရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများအပြောအရ သိရသည်။
စစ်ကောင်စီသည် ဆားလင်းကြီးမြို့နယ်မှ စစ်ကြောင်း သုံးကြောင်းခွဲကာ ဗြန့်ကြီးကျေးရွာမှ ထွက်လာပြီး လင်းစာကျက်ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“ရွာထဲက ထွက်ပြေးတဲ့လူတွေကို တားတယ်၊တားပီးတော့ ဆိုင်ကယ်တွေ ယူတယ်၊ဆိုင်ကယ်တွေကိုလည်း မီးရှို့တယ်၊လူတွေလည်း အဖမ်းခံရတာ ၁၀၀ ကျော်လောက်ရှိတယ်၊ယောက်ကျားလေးတွေရော မိန်းခလေးတွေရောပဲ၊ ရွာထဲမှာပဲ ဖမ်းထားတာ၊အခုထိတော့ရွာထဲ ဝင်လို့မရသေးဘူး၊မနက်က ရွာထဲမှာ တိုက်ပွဲဖြစ်နေလို့”ဟု ဒေသခံတစ်ယောက်က ပြောသည်။
လင်းစာကျက်ကျေးရွာတွင် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၅၀၀ခန့်ဆုံးရှုံးခဲ့ရပြီး လူဦးရေတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရသည်။
“အိမ်မီးထဲပါသွားတော့ တော်တော်လေးခံစားရတယ်၊တကယ့်ကို ကြေကွဲရတဲ့နေ့ပဲ မနေ့က၊သူများတွေကိုလည်း ကိုယ်ချင်းစာပါတယ်၊ကျွန်မအမဆို ပိုဆိုးတယ်၊သူ့အိမ်မီးရှို့နေတာကို အဝေးကနေ ကြည့်နေရတာ၊မီးခိုးတဟုန်းဟုန်းနဲ့”ဟု နေအိမ်မီးထဲပါသွားသော ဒေသခံက ပြော သည်။
လင်းစာကျက်ကျေးရွာသည် ပုသိမ်-မုံရွာကားလမ်းမဘေးတွင်ရှိပြီး ဆားလင်းကြီးမြို့နှင့် လေးမိုင်ခန့်ကွာဝေးကာ ဆိုင်ကယ်နှင့်သွားလျှင် နာရီ ဝက်လောက်ပဲ သွားရတယ်လို့ သိရသည်။ mizzima