ဇလွန်မြို့ မြို့မရဲစခန်းမှ ဒုရဲအုပ်နှင့် ရဲတပ်သား ၂ ဦး လက်နက်များဖြင့် ထွက်ပြေး

ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊ ဇလွန်မြို့ ၊မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားနှစ်ဦးတို့ ဇွန်လ ၁၁ ရက်နေ့ ညပိုင်းက လက်နက်များဖြင့် ထွက်ပြေးသွားကြသည်ဟု ဒေသခံများထံကသိရသည်။
“မိုးတွေ တအားရွာတဲ့ ၁၁ ရက်နေ့ ညပိုင်းက CDM လုပ်ပြီးထွက်
ပြေးသွားကြတာပါ။ ထွက်ပြေးသွားသူတွေရဲ့ နာမည်တွေကိုတော့ လုံခြုံရေးအရ ပြောလို့မရသေးဘူး၊ အတိုတွေရော အရှည်တွေရော ပါသွားတယ်လို့တော့ သိရတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် ဇလွန်မြို့ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည့် ညမှ စတင်ကာ စစ်ကောင်စီတပ်များနှင့် ရဲများက အပူတပြင်းလိုက်လံ ရှာဖွေနေကြသည်ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသည့်အကြောင်းအရာနှင့်
ပတ်သက်ပြီး ဟင်္သာတခရိုင်ရဲရုံးရှိ ရဲအရာရှိများက ဇလွန်မြို့တွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ၏ အဆိုအရ သိရသည်။ mizzima