ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ရွာလုံးကျွတ်ထွက်ပြေး

ကေအန်ယူနယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊ လိန်ပင်ဝဲကျေးရွာကို  ဇွန် ၁၂ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး  ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်အနောက်ဘက်ကမ်း အင်းပရိကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေက စစ်တောင်မြစ်အရှေ့ဘက်ကမ်းက အိမ်ခြေ ၂၅၉ လုံး၊  လူဦးရေ ၁၁၈၄ ဦးနေထိုင်တဲ့ လိန်ပင်ဝဲကျေးရွာအတွင်းကို လက်နက်ကြီး ၁၂၀-မမနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရွာသားတွေထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီးလူတွေထိမှန်တာ မရှိပေမဲ့ နွားတစ်ကောင် ထိမှန်သေဆုံးခဲတယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပိန်းဇလုပ်မြို့ကနေ အလယ်ကျွန်းကျေးရွာကို စစ်အင်အားတိုးချဲ့ဖို့လုပ်ဆောင်ရာမှာ အင်းပရိကျေးရွာကနေ လိန်ပင်ဝဲကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အပြင် မုန်းဘက်ကနေ ကျောက်ကြီးမြို့ကို စစ်အင်အားဖြည့်တင်းဖို့ စစ်ကား ၇ စီးဝင်ရောက်လာခဲ့ရာ  စစ်ယာဉ်တန်းနဲ့အတူ တချို့ကားတွေကို အလုံပိတ်ထားပြီး လူအင်အားအပြည့်လိုက်ပါလာခဲ့တာပါ။

ဇွန် ၁၁ ရက် မနက် ၁၀ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်းနက်ကျေးရွာအုပ်စု၊ နရွဲပင်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့လို့ နရွဲပင်ကျေးရွာ လူဦးရေ ၄၄၄ ဦးနဲ့ ကြို့ကုန်းကျေးရွာ လူဦးရေ ၅၄၈ ဦးတို့ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဇွန် ၁၀ ရက် မွန်းလွဲ ၂ နာရီလောက်က ကျောက်ကြီးမြို့၊ ဆိပ်ကြီးမှာအခြေချထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၆၀ တပ်ရင်းက ဗိုလ်ကြီးဇေယျာလင်း ဦးဆောင်ပြီး ငဗြက်အင်းကျေးရွာအနီးကို ၆၀ မမ လက်နက်ကြီးကျည် ၃ လုံး  ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s