နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက် ခိုက်ခံရပြီး စစ်သား ၃၁ ဦး သေ ဆုံးပြီး အများအပြားဒဏ်ရာရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး စစ်သား ၃၁ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် PDF များ၏ ပြောဆိုချက်များအရ သိရှိရသည်

ငါန်းဇွန်မြို့အဝင်ဂိတ် ဗုံးခွဲခံရပြီး စစ်သား ၁ ဦးသေဆုံး

==============================

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ ငါန်းဇွန်မြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက်ပိုင်းတွင် Zero ပျောက်ကြားတပ်ဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန် မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ငါန်းဇွန်မြို့ဂိတ်ကို ဒီနေ့ မနက်ပိုင်း ဗုံးနဲ့ပစ်ခံရလို့ ရဲ ၂ ဦး၊ စစ်သား ၁ ဦး မြို့နယ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားပါတယ်။ စစ်ခွေးတွေ ရမ်းပစ်လို့ ပြည်သူအမျိုးသမီးတစ်ဦး လက်မောင်းကို ကျည်ထိမှန်ပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်စ်သတင်းဌာနသို့ ပြောဆိုသည်။

ပဲခူး၊ ထန်းတပင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး

===============================

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဖြတ်လမ်းကူကျေးရွာနားတွင် ယနေ့ နံနက် ၁၁ ခွဲအချိန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း၊ ခလရ ၇၃တပ်ရင်း အပစ်ခံရပြီးနောက် အုတ်တွင်းမြို့နယ်ဘက်မှ စစ်အင်အား ၁၀၀ တက်လာကြောင်း၊ စစ်ကောင်စီတပ်ကို PDF ဘုရင့်နောင်တပ်ရင်း တောင်ငူ ခရိုင် ၃၅၀၁ တပ်ခွဲ၂၊ ၃၅၀၂တပ်ရင်း၊ KNLAတပ်ရင်း၆ တို့က ပူးပေါင်းတိုက်ခိက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီမနက်တိုက်ပွဲမှာ စစ်တပ်က လက်နက်ကြီးတွေ တအားသုံးတယ်။ ပြီးတော့ အရပ်သား ရွာသားတွေကို ဒိုင်းအကာလိုကာဗာယူလာတယ်” ဟု PDF သတင်းရင်းမြစ်က ပြောသည်

ပုလဲမြို့တွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်သား ၂ ဦးသေဆုံး

====================================

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့အရှေ့မြောက်ဘက်တွင် ကင်းလှည့်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေ ၄ ဦး ဒဏ်ရာရကြောင်း ဒေါင်းနက် နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

“သူတို့ဘက်က တခြားအဖွဲ့တွေက လှမ်းပစ်တာတော့ရှိတယ်။ သူတို့ ၆ ယောက်ကတော့ မပစ်နိုင်ဘူး ။ တခြားအဖွဲ့တွေကတော့ မိုင်းဆွဲတဲ့ ရဲဘော်တွေကို လှမ်းပစ်တာတော့ရှိတယ်။ ကျွန်တော်တို့ကလည်း ထွက်ပြေးလာခဲ့တာ ” ဟု ဒေါင်းနက် နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များမှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရေစကြိုတွင် စစ်ကြောင်း မိုင်းဆွဲခံရ

====================

ဇွန်လ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(People Defense Force Yesagyo) ၊ သိမ်းငှက်ပြောက် ကျားတပ်ဖွဲ့၊ ရေလည်ကျွန်းတပ်ပေါင်းစုတပ်ရင်း မဟာမိတ် (၃) ဖွဲ့ပူးပေါင်း၍ နံနက် ၈ နာရီဝန်းကျင်ခန့်အချိန် ကျောက်ဖူးရွာတွင် ညအိပ်ပြီးထွက်လာသော အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ကျောက်ဖူးရွာ နှင့် မိဖုရားရွာ အကြား ပဒေသာမိုင်း အတွဲများဖြင့် ၂ ကြိမ် တိုက် ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အထိ အခိုက်သေဆုံးမှုများပြားကြောင်း၊ အတိအကျ မသိရသေးကြောင်း ရေစကြို PDF က ပြောသည်။

ထီးချိုင့်တွင် စစ်သား ၃ ဦးသေဆုံး

===================

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်၊ ပေါက်ကုန်းရွာတွင် ညအိပ်ခဲ့သော စစ်သား ၄၀ ဦးကို အလယ်တော သင်္ချိုင်း ကုန်းအနီးတွင် ထီးချိုင့်ပကဖ များက မိုင်း ဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ၊ မိုင်းဆွဲ ခံရချိန် စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး အလယ်တောရွာထဲ ပြေးဝင်သွားကြောင်း၊စစ်သား အလောင်းများကို အလယ်တော သုသာန်တွင် စုပုံထားကြောင်း ၊ ပ.က.ဖ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် TR Team က သတင်းထုတ်ပြန်သည်။

မြိုင်တွင် စစ်သား ၄ ဦးသေဆုံး

================

ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မကွေးတိုင်း၊မြိုင်နယ်၊ ကန်နီ‌ရွာမှ အင်အား ၃၅ ဦးပါ စစ်ကြောင်း ထွက်ရှိလာရာ MVRF ၏ရဲဘော်များနှင့် စစ်တပ်အကြား းအပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်သားများက းမိုင်းကွင်းထဲရောက်လာ၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ် သား ၄ ဦးသေဆုံးကြောင်း ၊ MVRF ၏ရဲဘော်များက လက်နက်ကြီးများဖြင့် စစ်သားများရှိရာသို့ ပစ်၍ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ချောင်းဦးတွင် ပျူစောထီး ၆ ဦးသေဆုံး

=====================

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ဇွန်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်ကြောင်း အားကိုး၍ ထွက်လာသော ကံကျကုန်းကျေးရွာမှ ပျူစော ထီးများကို CHU LDF & CRA ပူးပေါင်းတပ်များက တိုက်ခိုက်ရာ မိနစ် ၄၀ ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုများကြောင့် ပျူစောခွေး ၆ ဦး သေဆုံးသွားကြောင်း ချောင်းဦးPDF မဟာမိတ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MNDAA ၏ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၄ဦးသေ

========================================

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီခရိုင်အတွင်း၌ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်မတော်(MNDAA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄ဦးသေဆုံးခဲ့ကြောင်း ၊ဇွန်လ ၁၂ရက် မွန်းလွဲ ၁နာရီခွဲကျော်အချိန်တွင် တိုက်ပွဲစတင်ခဲ့ပြီး ၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

အင်းတော်မြို့နယ်တွင် စစ်သား ၉ ဦးသေဆုံး

=========================

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ယနေ့ နံနက် ၉နာရီခွဲအချိန်ခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့စစ်ကြောင်း၃ကြောင်းဖြင့် ခွဲတတ်လာသော အင်အား၉၀ ကျော်ပါ စစ်ကြောင်းကို အင်းတော် မြေပြင် PDFတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၉ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိနိုင်ကြောင်း၊ အင်းတော်သတင်းရင်းမြစ် Indaw Revolution-IRက သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s