ပုလဲတွင် စစ်တပ် စစ်ကြောင်း အကြိမ်ကြိမ် မိုင်းဆွဲခံရပြီး စစ်သား ၈ ဦးသေဆုံး၊ သရက်ချောင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေ ဆုံးကာ လက်နက် ၁ လက်ရရှိ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့ တော်ဝင်နဂါး တပ်တော်ထံမှ သိရသည်။

ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြန်မာ့ တော်ဝင်နဂါး တပ်တော် (M.R.D.A) တပ်ခွဲမှ ဗိုလ်ခင်ကြီးအဖွဲ့မှ အနောက်ယောဘက်မှ ထွက်ခွာလာစဉ် စစ်တပ် စစ်ကြောင်းကို ကျောက်စလင်းတောင် အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် M.R.D.A တပ်ခွဲမှ ကိုဂျွန်လွင် ဦးဆောင်သော အဖွဲ့မှ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၉ ရက်နေ့တွင် လယ်ဓမ္မကျေးရွာ၌ တပ်စွဲပြီး ဇွန်လ ၁၀ ရက်နေ့တွင် ကျေးရွာအတွင်းမှ ထွက်ခွာလာစဉ် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် M.R.D.A တပ်ခွဲ ဗိုလ်နေအဖွဲ့မှ နဂါးမတောင် မရောက်မီအချိန် မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့သောကြောင့် စစ်သား ၁ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် နဂါးမတောင်အနီးတွင် စစ်တပ် စစ်ကြောင်းကို အသင့်စောင့်ဆိုင်းနေသော သိမ်းငှက်လေးအဖွဲ့မှ ထပ်မံ ချုံခို တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို မြန်မာ့ တော်ဝင် နဂါးတပ်တော်(M.R.D.A)တပ်ခွများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိ အခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း MRDA တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတွင် စစ်ကောင်စီ တပ်သားများ နှင့် ပျူစောထီးများ တပ်စွဲထားသောစခန်းတခုကို ယနေ့ ဇွန်လ ၁၃ ရက်နေ့ မွန်းတည့် ၁၂နာရီဝန်းကျင် တွင် ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(T1 Zone) တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကူလာသော စစ်ကားတစ်စီးကို တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၁ လက်ရရှိကြောင်း သိရှိရသည်။

ယနေ့ မွန်းတည့် ၁၂ နာရီ တိုက်ပွဲဖြစ်ပွားစဉ် ၁၂ နာရီခွဲအချိန် စစ်ကူလာသော စစ်ကားတစ်စီးစော်ဖျားကျေးရွာလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ထိုမိုင်းဆွဲ တိုက်ခိုက်မှူကြောင့် စစ်ကောင်စီဖက်မှ ၄ဦးသေဆုံးပြီး ၉ဦးခန့်ဒဏ်ရာရရှိကြောင်း၊ လက်နက် ၁လက် သိမ်းဆည်းရှိခဲ့ကြောင်း သိရှိရသည်။

ထိုနောက် ညနေ၃နာရီခွဲခန့်အချိန်တွင် ရောင်းမော်ကျေးရွာ နှင့် စော်ဖျားကျေးရွာ လမ်းပိုင်း တွင် မြေသယ်ကား၂စီးဖြင့် ထပ်မံဝင်ရောက်လာသော စစ်ကောင်စီတပ်သားများကို ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၁နာရီကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းသေဆုံးကာ ၁၀ဦးခန့်ဒဏ်ရာရရှိကြောင်း၊ ရိက္ခာသယ်ယူပို့ ဆောင်ပေးနေ သောမြေတင်ကားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s