ဖလမ်းမြို့ပေါ် စာသင်ကျောင်းအနီး ပေါက်ကွဲမှု ချင်းအမျိုးသားအဖွဲ့ချုပ်နှင့် မသက်ဆိုင်ဟုပြော

ချင်းပြည်နယ်၊ဖလမ်းမြို့ပေါ်ကျင်မွှာလ်ရပ်ကွက်ရှိ အမှတ်(၂) အထက်တန်း ကျောင်းအနီးတွင် ယမန်နေ့ ဇွန် ၁၃ ရက် ည ၁၀နာရီဝန်းကျင် အ ချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်ပြီးချင်းအမျိုးသားအဖွဲ့ချုပ်နှင့် မသက်ဆိုင်ကြောင်းလည်း တာဝန်ရှိသူတစ်ဦးကဆိုသည်။

ညဦးပိုင်း ပေါက်ကွဲသံကြားရပြီးနောက် ကျောင်းလမ်းခွဲကနေ စစ်ကောင်စီတပ်သားတွေက သေနတ် ပစ်ဖောက်ကြကြောင်း သိရပြီး၊ဖလမ်းမြို့သည် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF၏ ထိန်းချုပ်နယ်မြေလည်းဖြစ်သည်။

‘’စစ်ကောင်စီဖက်က CNDF ဟာ အကြမ်းဖက်ပုံစံမျိုး ၊ပြည်သူလူထုကို ရိုက်သွင်းချင်တာပါ။

ကျွန်တော်တို့ CNO/CNDF ရဲ့ လုပ်ဆောင်မှု မဟုတ်ဘူးဆိုတာ ပြည်သူတွေကို အသိပေးချင်ပါတယ်’’ဟု CNO/CNDFမှ တာဝန်ရှိသူ တစ်ဦးမှဆို သည်။

ပြီးခဲ့သည် ဇွန်လ ၃ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG )အနေဖြင့် စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအား မည်သည့်ဘက်၊ မည်သည့်အစုအဖွဲ့က တိုက်ခိုက်သည်ဖြစ်စေ လုံးဝလက်ခံမည်မဟုတ်ကြောင်း အသိပေး ထုတ်ပြန်ထားရှိသည်။

လက်ရှိပေါက်ကွဲဖြစ်ပွားသည့်ပတ်ဝန်းကျင်ရှိ အမှတ် (၂) အထက်တန်းကျောင်းတွင် ဆရာမ ငါးဦးသာရှိပြီး ရွာဘက်က ကျောင်းဆရာ/မတွေကို မြို့ပေါ်ခေါ်ပြီး အင်အားဖြည့်တင်းထားကြောင်းလည်းသိရသည်။ ဖလမ်းမြို့ပေါ်တွင် ကျောင်းအပ်သူ ၄၀၀ ဝန်းကျင်ရှိပြီး ကျောင်းတက်သူ ၃၀၀ ဝန်းကျင်ရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s