မင်းတပ်တွင် မြို့ဝင်ဂိတ်နှင့် ဂိတ်ကို စစ်ကူလာသည့်စစ်တပ်ကို CDF ကပစ်ခတ်တိုက်ခိုက်မှု စစ်ကောင် စီဝင် ၃ ဦးထက် မနည်းသေဆုံးပြီး စစ်သားအများအပြား ထိခိုက် ဒဏ်ရာရ

ချင်းပြည်နယ်၊မင်းတပ်မြို့တွင် ယနေ့ ဇွန်လ ၁၄ ရက်‌နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် မင်းတပ်မြို့အဝင်ဂိတ်ကို တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို CDF- Mindat က သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကူလာသော တပ်ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း CDF – Mindat မှ တာ ဝန်ရှိသူ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီတွင် မင်းတပ်မြို့အဝင်ဂိတ်၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မြို့အဝင်ဂိတ်ကို စစ်ကူရန် လာကြသည့် စစ်ကောင် စီဝင်များကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ၅ ဦးထက် မနည်း ဒဏ်ရာရရှိနိုင်ကြောင်း သိရှိရသည်။

“ဗျူဟာမှူးက လှမ်းဆက်တာ အရ မနက် ၇ နာရီလောက်မှာ မြို့ဝင်ဂိတ်ကို သွားပစ်တာပေါ့ ။ တပ်ရင်းမှူးက ဖုန်းဆက်လာတာတော့ အကျအ ဆုံးတော့ မပြောနိုင်ဘူး။ ဒဏ်ရာ အများအပြားရတယ် သေလည်း သေနိုင်တယ်လို့ ပြောတယ်။ ပစ်ပြီး ပြန်ဆုတ်လာတဲ့ အချိန်မှာ ဒီဘက်က စစ်ကူလာတဲ့ဟာကို လဝက ရုံးအနားမှာ ပစ်တာ ၃ ဦးက သေတာ သေချာတယ်။ လူ ၅ ယောက်ထက် မနည်း ဒဏ်ရာရတယ်” ဟု CDF- Mindat သတင်းနှင့် ပြန်ကြားရေးဌာနမှ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ယင်းသို့ တိုက်ခိုက်ပြီးနောက် CDF-Mindat ဘက်မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စိတ်ချရသည့် နေရာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း သိရှိရသည်။

CDF မင်းတပ်မှ ကိုယောမန်ကမူ ယနေ့ တိုက်ခိုက်မှုကို CDF-MINDAT ၏ မြို့သိမ်းပွဲ ရီဟာဇယ် လေ့ကျင့်ခန်းဆင်းခြင်းဟု ခေါင်းစဉ်တပ်၍ လူမှုကွန်ရက်တွင် ရေးသားလိုက်သည်။

“မနက် ၈ နာရီလောက်ကနေ စပြီး မင်းတပ်မြို့တွင်းမှာ CDF နဲ့ စကစ နေရာ (၃) ခုမှာ တိုက်ပွဲဖြစ်တယ်။ မနက် ၁၁ နာရီဝန်းကျင်အထိ အပြန်အ လှန် လက် နက်ကြီး၊ လက်နက်ငယ်‌တွေ ချနေတုန်း။ ဒီတစ်ခေါက် မြို့ပေါ်တက်ပစ်တဲ့ CDF ကလည်း အရင်အကြိမ်တွေထက်စာရင် အင် အားများတယ်။ စကစတွေလည်း တော်တော်အထိနာတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းဆက်ထုတ်ပြန်ပါလိမ့်မယ်” ဟု ကိုယောမန်က ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s