မတူပီမြို့က စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ၍ ၁ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့၊ မတူပီ-ပလက်ဝလမ်းပေါ်ရှိ စစ်ကောင်စီတပ်ရင်း ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က ယမန်နေ့ဇွန်လ ၁၃ရက်နေ့တွင် ထုတ်ပြန်သည်။

“အဲဒီ ဂိတ်ကနေ ခရီးသွားလာနေတဲ့ သူတွေကို ပုံမှန် စစ်ဆေးနေတဲ့ ဂိတ်တစ်ခုပါ ။ ကျွန်တော်တို့ အလစ်ငိုက်ယူပြီး ပစ်ခတ်ခဲ့တာပါ” ဟု CDF – Matupi ဗျူဟာ ပြန်ကြားရေးမှူး KLB က မဇ္စျိမ ကို ပြောသည်။

ဇွန်လ ၁၁ရက် ညနေ ၅နာရီ ၃၀မိနစ် အချိန်ခန့်က ခလရ (၃၀၄) စစ်ကောင်စီတပ်ရင်း ဂိတ်အား ဝင်ရောက်ပစ်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ် ဖွဲ့ဘက်မှ အထိအခိုက် အကျအဆုံး မရှိကြောင်း ဆိုသည်။

ဇွန်လ ၄ရက် နေ့လယ် ၁နာရီခန့်တွင် မတူပီ- ပလက်ဝ လမ်းပေါ်ရှိ ထယ်ဘွေ့စခန်းအား အင်အား ဖြည့်တင်းရန် ခြေလျင်ချီတက်လာသော ခ လရ (၃၀၄ ) မှ အင်အား ၅၀ခန့်ရှိသည့် စစ်ကောင်စီတပ်သားများအား ဝလံပီးကျေးရွာနှင့် ကလားကျေးရွာအကြား မိုင်တိုင် ၂၁ နှင့် ၂၂ အ ကြားတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့ဘက်မှ အထိအခိုက် မရှိကြောင်း CDF – Matupi က ဇွန်လ ၁၁ရက်နေ့တွင် ထုတ်ပြန်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s