မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ၂ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီကွန်တိန်နာကား ခြောက်စီးပါယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များက မြင်းမူမြို့နယ်ရှိနေရာနှစ်ခုတွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force – MMU က ထုတ်ပြန်ထားသည်။

အဆိုပါယာဥ်တန်းအား ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြား ပဒေသာမိုင်းသုံးလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ရာ ဒုတိယမြောက်ကား ထိမှန်ခဲ့ကြောင်း သိရသည်။

“ပထမစစ်ဆင်ရေးမှာ ကားခေါင်းပိုင်းကိုထိတာ၊ ကားက ကွန်တိန်နာဆိုတော့ အထိအခိုက်နည်းမယ်လို့ တော့ ယူဆရပါတယ်”ဟု Black Eagle Defence Force – MMU ပြန်ကြားရေးပိုင်းမှ ဗိုလ်သုံးဆယ်က ပြောသည်။

ထို့နောက် နံနက် ၁၁ နာရီ ၄၀ မိနစ် ဝန်းကျင်တွင် ၎င်းယာဥ်တန်းအား ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြား၌ ပဒေသာမိုင်းသုံးလုံးဖြင့် ထပ်မံတိုက်ခိုက်ရာ စတုတ္တမြောက်ကားကို တည့် တည့်ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အတည်ပြုပြောဆိုသည်။

“ စစ်ဆင်ရေး ၂ မှာကျတော့ တော်တော်ထိတယ်ဗျ။ အဲ့နားမှာရှိနေတဲ့ ဒေသခံတွေရဲ့ပြောပြချက်အရ စစ်ဆင်ရေး ၂ မှာ ဦးခေါင်းဒဏ်ရာနဲ့တစ်ယောက်ကို သယ်သွားတယ်လို့တော့ သိရတယ်။ ကားတွေက တော့ မုံရွာဘက်ကို ရောက်သွားပါပြီ။ မုံရွာကိုဝင်တဲ့အချိန်မှာတော့ ကားတစ်စီးတော်တော်ထိလာတာ ပါတယ်လို့ပြောတယ်ဗျ” ဟု ဗိုလ်သုံးဆယ်က ဆက်ပြောသည်။

အဆိုပါမိုင်းဆွဲမှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးပေ။

လက်ရှိ အဆိုပါစစ်ကောင်စီ ယာဉ်တန်းမှာ မုံရွာမြို့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ကာကွယ်ရေးတပ်က ပြောသည်။

ယခုမိုင်းစစ်ဆင်ရေးအား မြင်းမူမြို့အခြေစိုက် Black Eagle Defence Force-MMU မှ ဦးဆောင်၍ People’s Defence Force Myinmu-MMU PDF၊ Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force(မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့) နှင့် မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့- CDSOMတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s