မုံရွာမြို့တွင် မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ရွှေဝါရောင်လမ်းမှာ ဇွန် ၁၃ ရက်က မြို့ပြပြောက်ကျားအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကို လာရောက်ရှင်းလင်းရာမှာ မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ယောက်သေဆုံးသွားတယ်လို့ မုံရွာမြို့ပြပြောက်ကျားအဖွဲ့က ပြောပါတယ်။
ဒေသခံမြို့ပြပျောက်ကြားတပ်ဖွဲ့တွေက ဇီးကွက်စစ်ဆင်ရေးဗျူဟာအရ မိုင်းထောင်ခဲ့တာမှာ ပေါက်ကွဲခဲ့တာ DRPA ရဲ့ မုံရွာမြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့က သူတို့ (စစ်ကောင်စီတပ်ဖွဲ့) မြင်သာအောင် တမင်သက်သက်ထောင်ထားတာ။ ကြွမိုင်းဆိုတော့ ဖယ်ပြီး ဆွဲဖြုတ်လိုက်တာနဲ့ ထကွဲတာပေါ့။ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ် ယောက်သေပြီး ကျန်တဲ့ အနီးမှာရှိတဲ့ ဘေးကတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရတယ်။ ဇီးကွက်စစ်ဆင်ရေးဗျူဟာတခုအရ အကွက်ဆင်တိုက်ခိုက်ခဲ့တာပါ။”
အဲ့ဒီတိုက်ခိုက်မှုကို DRPA မုံရွာမြို့ပြပြောက်ကျားရဲဘော်တွေ၊ M.A.C.T ထောက်ပို့တပ်၊ Monywa Night King အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း မုံရွာမြို့ အောင်သပြေလမ်းနဲ့ အာဇာနည်လမ်းဆုံနေရာမှာ မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းပေါက်ကွဲမှုကြောင့် ၅ ဦးသေဆုံးခဲ့ပါတယ်။ DVB