ဝက်လက်မြို့နယ်၊ မဲကုန်းရွာနှင့် ဒီပဲယင်းမြို့ နယ်၊ မူးကမ်းကြီးရွာကို စစ်တပ်က မီးတင်ရှို့နေ၊ ဆိပ်ခွန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးထိမှန်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် မဲကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့နေကြောင်း ဒေ သခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် တမာကုန်းရွာကို ဇွန်လ ၁၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယနေ့ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ပိုင်းမှာ စတင်ကာ မဲကုန်းရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
” အကြမ်းဖက် စစ်တပ်က မဲကုန်ရွာကို မီးရှို့နေတာပါ။ ပျက်စီးဆုံးမရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃ဝ မိနစ်က စတင်ကာ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘို အနောက်ခြမ်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် မူးမြစ်အနီးနားရှိ မူးကမ်းကြီးရွာကို မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။
” ဒီပဲယင်း မူးကမ်းကြီးရွာကို ဒီနေ့ ၃နာရီ ခွဲလောက်မှာ ရွှေဘိုနယ် ပေါက်ချိုင်ရွာကို မီးရှို့တဲ့ စစ်တပ် စစ်ကြောင်းကပဲ မီးရှို့နေတယ်။ ရွှေဘို အ နောက်ခြမ်း ဒီပဲယင်း အရှေ့ခြမ်းကြားမှာ ဒီနေ့ ၁၁ နာရီလောက်က ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး မူးမြစ်အနီးက မူးကမ်းကြီးရွာကို မီးရှို့နေတာ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကျေးရွာအ တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦးလက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဆိပ်ခွန်ရွာ ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ရဲများက ရွာအနောက်ဘက်ကို လက်နက်ကြီးများ ရမ်းသမ်း ပစ် ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိပ်ခွန်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်က ရွာအနောက်ဘက်ကို လက်နက်ကြီးတွေ ရမ်းပြီးပစ်တာ သားအမိ ၂ ဦးကို လက်နက် ကြီးထိတာပေါ့။ အမေဖြစ်သူကတော့ ပေါင်ရင်းအသားတွေ မရှိတော့ဘူး။ အရိုးပဲကျန်တော့တယ်။ ဖြတ်ရမယ်လို့တော့ သိတယ်။ ကလေးကတော့ လက်မောင်ကို ထိမှန်သွားတယ်။ အမေဖြစ်သူကတော့ အခြေအနေ စိုးရိမ်ရတယ် ဆေးရုံကို ပို့ထားတယ် အခြေအနေအသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်နှင့် ရဲများသည် ရဲစခန်းဝန်းကျင်၌ ကင်းပုန်းများချထားကာ လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။ khit thit