ဝေါလေ ရဲစခန်းမှ PDF ၉ ဦးကို ကယ်ထုတ်နိုင်သည့်အပြင် ရဲ ၅ ဦး အရှင်မိပြီး ၆၀ မမ လက် နက်ကြီးနှင့် သေနတ် ၇ လက်၊ ခဲယမ်းများ ရရှိသည့် ဓာတ်ပုံများ ထုတ်ပြန်


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO နှင့် ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် PDF ၉ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ရဲ ၅ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
ယင်းအပြင် ၆၀ မမ လက်နက်ကြီး ၁ လက်၊ လက်နက်ကြီးကျည်အချို့၊ သေနတ် ၇ လက်နှင့် ကျည်အချို့၊ လက်ထိပ်များအပါအဝင် ရဲအသုံးအ ဆောင် ပစ္စည်းများကို KNDO အဖွဲ့က သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။
အရှင်ဖမ်းမိခဲ့သည့် ရဲ ၅ ဦးတွင် ရဲတပ်ကြပ်အဆင့်ရှိသူ ပါဝင်ပြီး စခန်းမှူးဖြစ်သူမှာ မြဝတီမြို့သို့ ရောက်ရှိနေသောကြောင့် ဖမ်းဆီးမခံခဲ့ရခြင်းဖြစ်သည်။
ကယ်ထုတ်ခဲ့သူ PDF ၉ ဦးတွင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦးပါဝင်ပြီး ၎င်းတို့သည် ဗမာ့တိုင်းများလွတ်မြောက်ရေးတပ်မတော် (ABIA) မှ တပ်ဖွဲ့ဝင်ဟောင်းများဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ဗိုလ်စလုံး၏ KNDO အထူးကွန်မန်ဒို တပ်ရင်းမှ စစ်ကြောင်းမှူး စောဝင်းမြင့်ဦးစီးသည့်အဖွဲ့က သွားရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ နာရီခွဲကြာ တိုက်ခိုက်ခဲ့ရကြောင်း သိရှိရသည်။ khit thit