အတ္တရံတံတား(ချောင်းနှစ်ခွ) ရဲကင်းဂိတ်စခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္တရံတံတား(ချောင်းနှစ်ခွ)ရှိ ရဲကင်းဂိတ်စခန်းဟာ ဇွန် ၁၄ ရက် ဒီမနက် ၈ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရဲကင်းဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ပူးပေါင်းအဖွဲ့ ကလာရောက် တိုက်ခိုက်သွားတာာဖြစ်ပြီး ၁၀ မိနစ် နီးပါးအကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီးနောက် ကရင်နယ်ခြားစောင့် BGF တပ်က ကား ၂ စီးနဲ့ စစ်ကူလာရောက်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

အဲဒီရဲကင်းဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အတ္တရံတံတား(ချောင်းနှစ်ခွ)ကို တနာရီလောက် ဖြတ်သန်းသွားခွင့် ယာယီပိတ်ပင်ခဲ့ပြီး  မနက် ၉ နာရီ မိနစ် ၄၀ လောက်မှာ ဖြတ်သန်းသွားခွင့် ပြန်ရခဲ့ပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။

အတ္တရံတံတား(ချောင်းနှစ်ခွ) ရဲကင်းဂိတ်စခန်းဟာ ပြီးခဲ့တဲ့ မတ် ၁၉ ရက်တုန်းကလည်း တိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် တယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s