NUG တွင် PDF တပ်ရင်း ၂၅၇ ခုနှင့် ချိတ် ဆက်နေသော တော်လှန်ရေးအဖွဲ့ ၅၀၀ ရှိလာပြီဖြစ်၍ ရန်သူစစ်ကောင်စီကို ချေမှုန်းသိမ်း ပိုက်ရေး ပြင်ဆင်ရန် သမ္မတက ညွှန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရNUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် PDF တပ်ရင်းပေါင်း ၂၅၇ ခုရှိလာပြီ ဖြစ်ပြီး ချိတ်ဆက်နေသော တော်လှန် ရေးအဖွဲ့ ၅၀၀ ခန့်ရှိလာပြီဖြစ်၍ ရန်သူစစ်ကောင်စီကို ချေမှုန်း သိမ်းပိုက်ရေး ပြင်ဆင်ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားလိုက်သည်။
ယနေ့ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆို ညွှန်ကြား လိုက်ခြင်းဖြစ်သည်။
‘မနှစ်တုန်းကတော့ Formation ကိုတော်တော်လုပ်ဆောင်ခဲ့ပြီး ဖြစ်တဲ့အတွက် ၂၀၂၂ ကိုတော့ ကျနော်တို့ စစ်ရေးနဲ့ ကျန်တဲ့ကိစ္စရပ်များမှာ အခြေခိုင်အောင်တည် ဆောက်တဲ့ ကာလဖြစ်တဲ့အားလျော်စွာ PDFများလည်း တပ်ရင်းပေါင်း ၂၅၇ ရင်းခန့်ရှိလာပြီ ဖြစ်ကြောင်းသိရပါတယ်။ ဒါအပြင် MOD နဲ့ချိတ် ဆက်ပြီးတော့ပါဝင်နေတဲ့ Local PDF လည်း ၅၀၀ခန့် ရှိလာပြီဖြစ်ကြောင်းသိရပါတယ်။ ဒီ့ထက်ပိုပြီးလည်း Chain of Command တွေကောင်းကောင်း ရ အောင် ဒါ့အပြင် တစ်ဆင့်တက်ပြီး ရန်သူကိုချေမှုန်းသိမ်းပိုက်နိုင်ဖို့ ပြင်ဆင်ကြ ရမှာဖြစ်ပါတယ်’ ဟု သမ္မ တက ပြောဆိုသည်။
ထို့ပြင်မင်းအောင်လှိုင်က လိမ်ညာရန် ပြင်ထားသည့် ရွေးကောက်ပွဲကို ချေဖက်နိုင်ရေး နိုင်ငံရေး၊ စစ်ရေး နည်းလမ်း၂ ခုလုံးဖြင့် ဆောင်ရွက်ရမည်ဟု သမ္မတက ပြောဆိုသည်။
‘၂၀၂၃ တွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီမှ လိမ်ညာပြီး ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝချေဖျက်နိုင်အောင် နိုင်ငံရေး စစ်ရေး ၂ခုစလုံးဖြင့် လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါဟာသက် ဆိုင် ရာ ဌာနအားလုံး ကတာဝန်ရှိတာဖြစ် ပါတယ်။ မိမိတို့အနေနှင့် MOD မဟုတ်တဲ့ အတွက် မလိုအပ်ဟုမတွေးဘဲ အစိုးရ တစ်ခုလုံးက မင်းအောင်လှိုင်နှင့် စစ်အုပ်စုအားချေမှုန်းဖို့ အဓိကဖြစ်သည့် အတွက် ဌာနအားလုံး စည်းရုံးပေးရမယ်၊ လူထုကိုအသိ ပေးရမယ်၊ အားပေးရမှာဖြစ်တယ်’ ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။khit thit