ကန်ပက်လက်တွင် တိုက်ပွဲဆက်၊ ဒေသခံ ၁၀၀၀ ကျော် တောထဲရှောင်နေရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှ တိုက်ပွဲရှောင်နေရသူ ၂၅၀၀ အနက် ထက်ဝက်မှာ တောထဲရောက်နေပြီး ရိက္ခာနှင့် ဆေးဝါး ခက်ခဲနေသည်ဟု သိရသည်။

ကန်ပက်လက်မြို့ စာသင်ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံး၊ ရဲစခန်းတို့တွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၃၀၀ ခန့် ရှိနေခဲ့ကြောင်း၊ ယခုအခါ အင်အား ၄၀၀ ကျော်နိုင်ကြောင်း CDF-ကန်ပက်လက်က ခန့်မှန်းသည်။

ချင်းပြည်နယ်တောင်ပိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် CDF က နယ်မြေချင်း ထိစပ်နေသော မကွေးတိုင်းအတွင်းမှ ခုခံစစ်ဆင်သူတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

တိုက်ပွဲဖြစ်နေသော ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှ နေရပ်စွန့်ခွာထွက်ပြေးရသည့် ဒေသခံ ၁၀၀၀ ကျော်မှာ တောထဲတွင် စားသောက်နေထိုင်ရေး ခက်ခဲနေသည်ဟု ၎င်းတို့ကို ကူညီနေသည့် ခရစ်ယာန်သင်းအုပ်ဆရာက ပြောသည်။

ဇွန် ၉ ရက်က မကွေးတိုင်း ကျောက်ထုမြို့နယ်မှ တက်လာသော စစ်ကောင်စီလက်နက်ကိုင် ၁၈၀ ကျော်က ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ၏  ကန်ပက်လက် တပ်ရင်း (၂) Vakok စခန်းကို ဝင်စီးပြီးနောက် မြို့နယ်အတွင်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေရာ စမ္မသား၊ စံအိမ်နူး၊ မဆီးတွီ၊ အံပုံ၊ ကျော့တော်၊ ငုံလောင်း၊ ကန်း လောင်း၊ ရလောင်းပန်းနှင့် ချင်းလက်မွန်ရွာတို့မှ ဒေသခံတို့ ထွက်ပြေးနေရသည်ဟု ၎င်းက ပြောသည်။

လုံခြုံရေးအရ တောထဲရောက်နေသူတို့မှာ ဖြစ်သလိုနေထိုင်ရသည်ဟု အထက်ပါ သင်းအုပ်ဆရာက ပြောသည်။  

“ကမန်းကတန်းပြေးရတာဆိုတော့ တောထဲက ဂူတွေထဲမှာပဲ နေရတာ၊ မိုးကာတဲလည်း မထိုးနိုင်ကြဘူး၊ ကျန်းမာရေးအတွက်ပါ စိုးရိမ်ရတဲ့သဘောမှာရှိနေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော သင်းအုပ်ဆရာက ပြောသည်။

ကန်ပက်လက်ဒေသအတွင်း ထွက်ပြေးရသူများတွင် အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အို အများအပြားပါဝင်နေပြီး ဖျားနာသူများနှင့် ဝမ်းသွားသည့် ကလေးငယ်များအတွက် အရေးပေါ်ဆေးဝါးများလည်း လိုအပ်နေသည်ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုများ ရှိနေသေးသည့်အတွက် ဒေသခံတို့ နေရပ်ပြန်ရေး ကြန့်ကြာနိုင်သေးသည်ဟု ၎င်းက ယမန်နေ့ (ဇွန် ၁၄) တွင် ပြောသည်။

တိုက်ပွဲအန္တရာယ်ကြောင့် ကန်ပက်လက်၏ ရွာပေါင်း ၁၅ ရွာမှ နေရပ်စွန့်ခွာရသူအရေအတွက်မှာ ၂၅၀၀ ခန့်အထိ ရှိနေနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းသော စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်သတ်သဖြင့် လက်နက်ကိုင် ခုခံတော်လှန်မှု နိုင်ငံအနှံ့ ပေါ်ပေါက်နေရာ ကန်ပက်လက်အပါအဝင် ချင်းပြည်နယ်မြို့အသီးသီးတွင်လည်း ခုခံသူအများအပြား ရှိနေသည်။

ဆုံးရှုံးလိုက်ရသည့် စခန်းကို CDF – ကန်ပက်လက်တပ်ဖွဲ့ဝင်များက နေ့စဉ် ပစ်ခတ်နေခဲ့ကြောင်း၊ ဇွန် ၁၂ တွင် စစ်ကောင်စီတပ်က တပ်အပြင်သို့ ထွက်ကာ တိုက်ခိုက်သည့်အတွက် စခန်းနှင့် မိုင်အနည်းငယ်ဝေးသည့် ကျော့တော်နှင့် အံပုံရွာများအနီးတွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

တိုက်ပွဲမှာ နံနက် ၈ နာရီမှ ညနေ ၅ နာရီခန့်အထိ ကြာမြင့်ခဲ့သည်ဟု CDF-ကန်ပက်လက်အဖွဲ့မှ ဒုတိယတပ်မမှူး ဆလိုင်းအောင်လိန်းက ပြော သည်။

“သူတို့ (စစ်ကောင်စီ) နေ့စဉ် တိုက်ခိုက်ခံနေရတော့ ခံပြင်းပြီး လိုက်တိုက်တယ် ပြောရမလား၊ အပြင်ထွက်လာတော့ ကျွန်တော်တို့နဲ့ အပြင်း အထန်ဖြစ်တာပဲ၊ သူတို့ ပိုအထိနာသွားတာပေါ့” ဟု ဆလိုင်းအောင်လိန်းက ပြောသည်။

အံပုံရွာအနီး တိုက်ပွဲဖြစ်ပွားနေစဉ် မြို့ပေါ်မှ စစ်ကူမလာနိုင်စေရန် မြို့နယ်ထွေအုပ်ရုံးတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုနေ့က စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦး သေဆုံးခဲ့သည်ဟု ဆလိုင်းအောင်လိန်းက ပြောသည်။

ထိုနေ့ညပိုင်းတွင် အံပုံရွာအနီး တိုက်ခိုက်ခံရသည့်စစ်တပ်က အဆိုပါရွာတွင်ပင် ညအိပ် တပ်စွဲခဲ့ပြီး ရွာအတွင်းရှိသည့် အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ကာ CDF ရိက္ခာ ဆန်အိတ် ၇၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

မီးရှို့မှုများမှာ လက်နက်ကိုင်ခုခံသူတို့၏လက်ချက်ဖြစ်သည်ဟု စစ်ကောင်စီက တုံ့ပြန်လေ့ရှိသည်။

ကန်ပက်လက်မြို့ စာသင်ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံး၊ ရဲစခန်းတို့တွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၃၀၀ ခန့် ရှိနေခဲ့ကြောင်း၊ ယခုအ ခါ အင်အား ၄၀၀ ကျော်နိုင်ကြောင်း CDF-ကန်ပက်လက်က ခန့်မှန်းသည်။

ချင်းပြည်နယ်တောင်ပိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် CDF က နယ်မြေချင်း ထိစပ်နေသော မ ကွေးတိုင်းအတွင်းမှ ခုခံစစ်ဆင်သူတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ myanmar now 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s