ကလေးမြို့တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေ ဆုံး၊ ရွှေဘိုတွင် စစ်တပ်နှင့် ပျူစောထီးများ မှားယွင်းပစ် ခတ်မှုကြောင့် ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်တပ်ဖွဲ့ဝင်များကို ဒေသခံ ကာ ကွယ် ရေး ပူးပေါင်း တပ်ဖွဲ့များက ဇွန်လ ၁၅ ရက်နေ့တွင် ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း CNO ချင်းအမျိုးသားအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။
ဇွန်လ ၁၃ ရက်နေ့ စစ်တပ်အင်အား ၁၂၀ ခန့်သည် ကလေးမြို့နယ်၊ တာဟန်း ရပ် ကွက်၊ ဘောလုံးကွင်းတွင် လာရောက်တပ်စွဲသဖြင့် ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခန့်အထိ CNDF နှင့်ဒေသကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦါ်သေဆုံးပြီး ၃ ဦးဒဏ် ရာရရှိကြောင်း သိရှိရသည်။
တစ်ချိန်တည်းမှာပင် တာဟန်းရပ်ကွက်အတွင်း လှည့်လည် မီတာခ ကောက်ခံ နေသော စစ်တပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ် သား ၂ ဦး သေ ဆုံး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် စက်လှေဖြင့် လာသော စစ်ကောင်စီ တပ်သားများကို ပျူစောထီးအဖွဲ့က ယနေ့ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မှားယွင်း ပစ်ခတ်ခဲ့သောကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း နတ်တောင် နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များသည် စဥ့်ကူးမြို့နယ်မှ စက်လှေဖြင့် ဆင်း လာစဥ် ရွှေဘိုမြို့နယ်၊ မခေါက်ရွာအနီး အရောက် မခေါက်ကျေး ရွာမှ ပျူစော ထီးအဖွဲ့များက မှားယွင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်သား ၂ ဦးသေ ဆုံးကာ ၁ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ khit thit