စစ်ကောင်စီတပ်က တာမွေဂုံးကျော်တံတားအောက်တွင် ကြိုးဝါများ(Police Line) များဖြင့် တားဆီးပြီး ကားရပ်နားခွင့်ပိတ်ပင်

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေဂုံးကျော်တံတားအောက်ရှိ ကားရပ်နားသည့်နေရာများကို စစ်ကောင်စီတပ်က ကြိုးအဝါများ( Police Line ) ဖြင့် တားဆီးကာ ယာဉ်ရပ်နားခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံက သိရသည်။

တာမွေမြို့နယ် Ocean Center မီးပွိုင့်အနီးကို ယနေ့ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်အင်အားအများအပြား ရောက်ရှိလာကာ တံတားအောက်တွင် ရပ်နားထားသည့် မော်တော်ယာဉ်များကို ဖယ်ရှားခိုင်းခဲ့ကြောင်း သိရသည်။

“ တာမွေမြို့နယ် ငါးထပ်ကြီးဘုရားလမ်း (ယခင်ကင်းမဲလမ်း) မှာ ကင်းပုန်းတွေချတယ် ။ ပြီးတော့ အဝိုင်းထိပ်တွေမှာ အင်အားအများအပြားချပြီး လမ်းပိတ်လိုက်တယ်။ စစ်တပ်နဲ့ ရဲတွေ မော်တော်ပီကယ်တွေအပြင် စည်ပင်နဲ့ ရပ်ကွက်လူကြီးတွေပါ ပါတယ်။ ပြီးတော့ တံတားအောက်က ကားတွေကို ဖယ်ခိုင်းပြီး ကြိုးအဝါတွေနဲ့ တံတားအောက်ကို တားချလိုက်တာ ” ဟု တာမွေဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတံတားအောက်တွင် ရပ်နားထားသည့် လူမှုကူညီရေးအသင်းကားများ အပါအဝင် မည်သည့်ကားကိုမျှ ရပ်နားခွင့်မပြုဘဲ ဖယ်ရှားခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ တာမွေဂုံးကျော်တံတားကို သျှင်ပါကူဆေးရုံဘက်အတက်ကနေ ကျိုက်က္ကစံလမ်းဘက် အဆင်း တံတားအောက်တောက်လျောက်ကို ကြိုးအဝါ တားလိုက်တာ။ ရန်ကင်းဘက်ကို ဆင်းတဲ့ တံတားဘက်ခြမ်းတော့ မတားထားဘူး။ လက်ရှိအချိန်အထိ တံတားအောက်မှာ စစ်သားတွေ ရဲတွေ ရှိသေးတယ် ” ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ ကြိုးအဝါများ တားဆီးကာ ကားရပ်နားခွင့်ပိတ်ပင်မှုသည် မည်သည့်အတွက်ကြောင့် လုပ်ဆောင်ခြင်းဖြစ် ကြောင်း မသိရှိရသေးပေ။

သို့သော် စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း တာမွေမြို့နယ် ကျိုက္ကစံအားကစားကွင်းအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားမှုရှိနေသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s