စစ်ကောင်စီနှင့်ပတ်သက်သမျှ သတင်းအချက် အလက်များပေးပို့ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကောင်စီနှင့်ပတ်သက်သမျှ သတင်းအချက်အလက်များပေးပို့ရန် သတင်းတပ်သားများအလိုရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုရ (N UG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ ၁၅ ရက်တွင် သတင်း ထုတ်ပြန်သည်။
“စစ်ကောင်စီအရှိုက်ကိုထိချက်မိမိထိုးနှက်နိုင်ဖို့ မှန်ကန်တိကျတဲ့ သတင်းအချက်အလက်ရရှိရေးဟာ အထူးအရေးပါ အရာရောက်လာပါတယ်။ စစ်ကောင်စီနဲ့ပတ်သတ်သမျှ သတင်းအချက်အလက်တွေကို (Telegram – info2mod ၊ Email – info2mod@mod.nugmyanmar.org) သို့ပေးပို့ပြီး သတင်းတပ်သား အဖြစ် ပါဝင်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု NUG ကာ ကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။
သတင်းပေးပို့မည့်သတင်းတပ်သားများအနေဖြင့် အကြမ်းဖက်စစ်တပ်၊ ရဲနှင့် ထောက်တိုင်များ၏ လှုပ်ရှား မှုနှင့် ကိုယ်ရေးအချက်အလက်များ၊ စစ်ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ စစ်ယာဉ်တန်းရွေ့လျားမှု များနှင့် တပ်တည်တပ်လှုပ်များ၊ ဒေသတွင်း အရေးကြီးဖြစ်စဉ်များကို ပေးပို့ဆောင်ရွက်ပေးရန် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။
မြန်မာ့နွေဦးတော်လှန်ရေးသည် ရက်ပေါင်း ၅၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ထိုကာလအတွင်း ခုခံတွန်းလှန် စစ်သည် အတိုင်းအတာတစ်ခုထိ ခရီးပေါက်မြောက်ခဲ့ကာ လာမည့်ကာလများသည် စစ်ကောင်စီ၏ အရှိုက်ကို ထိချက်မိမိထိုးနှက်ရမည့်ကာလများ ဖြစ်လာလိမ့်မည်ဟုလည်း ဆိုထားသည်။ mizzima