စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရက ပြည်သူကို အနိုင်ကျင့်နေသည့်အ တွက် ကိုင်တွယ်ရမည်ဟု AA က သတိပေး၊ စစ်ကောင်စီတွင်ပါဝင်သည့် ရခိုင်လူမျိုးများကိုလည်း စောင့်ကြည့်နေ

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံရခိုင် ပြည် နယ် အစိုးရသည် ရခိုင်ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျ မှုများရှိနေသည့်အတွက် လိုအပ်လျှင် ကိုင် တွယ်ရမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AAပြောခွင့်ရ ခိုင်သုခကပြောသည်။
ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရသည် ရခိုင်ပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျမှုနှင့် ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစားမှု အကျင့်ပျက် ခြစားမှုများ ထူပေါနေသည်ကို တွေ့ရကြောင်း ခိုင်သုခကပြောဆိုသည်။
ယင်းအပြင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များတွင် ပါဝင်နေသည့် ရခိုင်လူမျိုးများကိုလည်း အချိန်နှင့်အချိန် အခါအရ သည်းခံစောင့်ကြည့်နေခြင်းဖြစ်ပြီး လိုအပ်လျှင် လိုအပ်သလို ကိုင်တွယ်ရလိမ့်မည်ဖြစ်ကြောင်း ခိုင်သုခက သတိပေးထားသည်။
လက်ရှိစစ်ကောင်စီ လက်အောက်ခံပြည်နယ်အစိုးရသည် ယခင်အစိုးရအဆက်ဆက်ထက်ပင် ပိုမိုဆိုးဝါးနေကြောင်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုသည်။ khit thit