ဒီးမော့ဆိုတွင် စစ်တပ်ပစ်ခတ်သည့် လက်နက် ကြီးကျည် ထိမှန်ပြီး ပြည်သူအချို့ထိခိုက်ဒဏ် ရာ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ယူဆိုမိုဆိုရွာကို စစ်ကောင်စီတပ်က  ဇွန် ၁၄ ရက် မွန်းလွဲပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာကြောင့် အရပ်သားပြည်သူ ၃ ယောက်  ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တချို့ထိခိုက်ပျက်စီးသွားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် (၆၀) အရွယ် အမျိုးသမီးတယောက်၊ အသက် (၂၀) အရွယ်  အမျိုးသားတယောက်နဲ့ အသက်(၃)နှစ်အ ရွယ် ကလေးငယ်တယောက်တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အရပ်သားနေအိမ် ၂ လုံးနဲ့ အဖိုးတန်ပစ္စည်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အခု ဇွန်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ် မိုးဗြဲနဲ့ ကယားနယ်အတွင်းမှာ အရပ်သားသေဆုံးသူ ၆ ယောက်နဲ့  ဒဏ်ရာရသူ ၁၀ ယောက်ကျော်ရှိပြီ ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s