နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေသ၍ ငြိမ်းချမ်းရေး ဆွေးနွေးမည်မဟုတ် ဟု KNU ပြော

စစ်တပ်က နိုင်ငံရေးထဲတွင် ပါဝင်နေသ၍ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) နိုင်ငံ ခြားရေးတာဝန်ခံ ပဒိုစောတာနီး ပြောကြားလိုက်သည်။

နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့် စစ်ကောင်စီက ဇွန်လ ၁၄ရက်နေ့တွင် ဆွေးနွေးပွဲတက်ရောက်ခြင်းမရှိသေးသည့် အဖွဲ့များကို ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး ထပ်မံဆက်သွယ်ကြရန် ထုတ်ပြန်လာသည်။

ထိုသို့ ထုတ်ပြန်လာသည့်အပေါ်တွင် ကရင်အမျိုးသားအစည်းအရုံး ၏ သဘောထားနှင့်ပတ်သက်ပြီး ” သူတို့စကားပြောလို့ အဆင်မပြေဘူးလေ၊ တရားဝင်မှု မဝင်မှုပြဿနာက အင်မတန် အရေးကြီးတယ်၊ အဓိက အချက်က သူတို့နဲ့စကားသွားပြောရင် သူတို့က နိုင်ငံရေးထဲမှာ ဆက်ပါနေပြီးတော့မှ ၂၀၀၈ဆိုတာ ဆက်ရှိနေမယ်ဆိုတာ ဘယ်လိုမှ လက်ခံလို့မရဘူးလေ” ဟု ပဒိုစောတာနီးကဆိုသည်။

KNUအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် စစ်တပ်သည် နိုင်ငံရေးမှ လုံးဝထွက်သွားရေး၊ ဖက်ဒရယ် ဒီမိုကရေစီကို အကောင်အထည်ဖော်ဆောင် ရန် တရားဝင်ကြေညာရေး၊ အသွင်ကူးပြောင်းရေး ကြားကာလ တရားမျှတမှုဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် နိုင်ငံ တကာစောင့်ကြည့်သူများ ပါဝင်ရေးတို့ကို လက်ခံရန် ကတိပေးမှသာလျှင် ငြိမ်းချမ်းရေးအတွက် စဉ်းစားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နေပြည်တော်တွင် မေလတတိယအပတ်က စတင်လုပ်ဆောင်နေပြီး လက်ရှိအချိန်တွင် အဖွဲ့ ခြောက်ဖွဲ့ကို တွေ့ဆုံပြီးဖြစ်သည်။ အဆိုပါ ခြောက်ဖွဲ့တွင် ပြီးခဲ့သည့် ဇွန်လ ၁၃ရက်နေ့က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့်တွေ့ဆုံရာတွင် စစ်ခေါင်းဆောင်က တိုင်းရင်းသားများကိုတွေ့ဆုံပြီးလျှင် NUGနှင့် PDFကိုစဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု DVBသတင်းဌာကို ALPတာဝန်ရှိသူက ဖြေကြားထားသည်။

“သူတို့ဘာသာသူတို့ NUGနဲ့ပဲ ဆွေးနွေးဆွေးနွေး၊ PDFနဲ့ဆွေးဆွေးနွေး၊ ဘယ်သူနဲ့ပဲ ဆွေးနွေးဆွေးနွေး၊ သူတို့က နိုင်ငံရေးထဲမှာ ဆက်ရှိနေမယ့်အခင်းအကျင်းပဲ၊ ကျနော်တို့ပြောချင်တာက သူတို့ဆက်ရှိနေလို့ မရဘူး။ စစ်တပ်က စစ်တပ်နေရာပဲပြန်နေ” ဟု ပဒိုစောတာနီးက ဆိုသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ငြိမ်းချမ်းရေးခေါင်းစဉ်အောက်၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ ဆုံဆွေးနွေးရေး ၊ PDFများ တောခိုရာမှ ပြန်လည်ရောက်ရှိလာရေးအပြင် နိုင်ငံရေးသဘောဆောင်သည့် လုပ်ရပ်များကို လုပ်ဆောင်လာပြီး ရွေးကောက်ပွဲနှင့် ဖက်ဒရယ်ကိစ္စကို တွင်တွင်ကျယ်ကျယ် ပြောဆိုပြုလုပ်လာသည်ကို တွေ့ရသည်။

ထိုသို့ပြုလုပ်နေသော်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများတွင် ဒေသခံနေအိမ်များကို အငြိုးတကြီး မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် အသုံးပြုပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်း အပြင် စစ်ဖြစ်ပွားခြင်း မရှိသေးသည့်နေရာများတွင်လည်း စစ်အင်အားများ တိုးချဲ့နေခြင်းနှင့် ပိုက်စိပ်တိုက်စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏ အာဏာသက် ရောက်ရေးအတွက် လုပ်ဆောင်နေဆဲပင် ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s