မြန်မာနိုင်ငံရှိ စစ်ဘေးဒုက္ခသည်များအတွက် ရည်စူးပြီး ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ ဖန်ပန်းချီကား လေလံတင်

မြန်မာနိုင်ငံရှိ စစ်ဘေးဒုက္ခသည်များအတွက် ရည်စူးပြီး နော်ဝေနိုင်ငံ CRPH Support Group ကို လာရောက် လှူဒါန်းထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဖန်ပန်းချီကားကို စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမှာဖြစ်ပြီး လေလံအောင်မြင်သည့်သူကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကြေညာပေးသွားမှာဖြစ်ကြောင်း သိရသည်။

” ယူကေမှာရှိတဲ့ ပန်းချီဆရာမ ဒေါက်တာလင်ဒါစမစ်သ်က သူကိုယ်တိုင်ရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဖန်ပန်းချီကားကို ကျွန်မတို့ CRPH Support Group နော်ဝေမှာ လာလှူထားတာ ရှိတယ်။ အဲဒီ ဖန်ပန်းချီကားကို ဇွန်လ ၅ရက်နေ့က စတင်ပြီး ကြမ်းခင်းဈေး ဒေါ်လာ တစ်ထောင်နဲ့လေလံ စတင်ခေါ်ထားပါတယ်။ လေလံပိတ်သိမ်းမှာကတော့ ဇွန်လ ၁၉ရက်နေ့ မြန်မာစံတော်ချိန်ည ၁၂နာရီမှာ ဖြစ်တယ်။ လေလံအောင်တဲ့သူကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း(ကင်မ်)ကကြေညာပေးမှာဖြစ်တယ်”ဟု နော်ဝေနိုင်ငံဆိုင်ရာ ကိုယ်စား လှယ်ရုံးမှ ရုံးအဖွဲ့မှူး ဒေါ်၀တ်မှုန်ဝင်း ကပြောသည်။

”လေလံတင်လို့ရတဲ့ငွေတွေကိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းပေးသွားမှာဖြစ်ပြီး ဘယ်ဒေသမှာရှိတဲ့ စစ်ရှောင်စခန်းတွေကိုလှူဒါန်းသွားမလဲ ဆိုတာကတော့ အဖွဲ့အနေနဲ့ပြန်ပြီးတော့ ဆုံးဖြတ်သွားမှာဟုလည်း ”သူမက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ပုံတူဖန်ပန်းချီကားကို ရေးဆွဲထားသည့် ပန်းချီဆရာမ ဒေါက်တာလင်ဒါစမစ်သ် သည် ယခင်က ဓါတုဗေဒပညာရှင်တစ် ဦးဖြစ်ပြီး၊ လန်ဒန်မြို့စိန့်မာတင်အနုပညာနှင့် ဒီဇိုင်းကောလိပ်တွင်လည်း ဘွဲ့ယူခဲ့သည်။ အနုပညာဆိုင်ရာ ဆုများစွာကိုရရှိခဲ့ပြီး သူမ၏အ နုပညာလက်ရာများကို ယူကေနိုင်ငံအနှံ့တွင်လည်း ပြသခဲ့သည်။

ဒီအပြင် လာမည့်ဇွန်လ ၁၈ ရက်နေ့တွင် အောင်ဆန်းစုကြည်ပန်းခြံကော်မတီ(နော်ဝေ)နှင့် CRPH Support Group (နော်ဝေ)တို့ ပူးပေါင်းပြီး ဖရိုလဲန်းမြို့ရှိ အောင်ဆန်းစုကြည်ပန်းခြံထဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ၇၇နှစ်မြောက်မွေးနေ့ပွဲ ကျင်းပမည်ဖြစ်ပြီး ဖျော်ဖြေရေးများ၊ ငြိမ်းချမ်းရေးဆုတောင်းပွဲများနှင့်အတူ ရိုးရာအစားအစာများလည်း ရောင်းချမှာဖြစ်ပြီး၊ရောင်းချ၍ ရရှိသည့် အမြတ်ငွေများအားလုံးကို မြန် မာနိုင်ငံရှိစစ်ဘေးရှောင်များထံ လှူဒါန်းသွားမည် ဖြစ်သည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို ဥရောပရောက်ရှိနေသည့် နိုင်ငံရေးအင်အားစုများ လာရောက်မှာဖြစ်ပြီး အောင်ဆန်းစုကြည်ပန်းခြံကော်မတီမှအထူးဖိတ်ကြားထားသည့်အိန္ဒိယနိုင်ငံမှ နာမည်ကြီး မီဇိုးအဆိုတော် ရေဗက္ကာဆိုင်မွေး(Rebecca Saimawii )နှင့်အတူ Bambus og mindat dans (နော်ဝေ)မှ အဆိုရှင်များကလည်း ဖျော်ဖြေသွားမည်ဟု သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s