မြိတ်မြို့၌ အကြမ်းဖက် ဖမ်းဆီးခံရတဲ့ အမျိုး သမီးကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ် အမိန့်ချ

တနင်္သာရီတိုင်း မြိတ်မြို့တွင် အကြမ်းဖက် ဖမ်းဆီးခံ ရသည့် အသက် ၃၀ နီးပါးရှိ အမျိုးသမီး တစ်ဦးကို မြိတ် အကျဉ်းထောင်ရှိ ထောင်တွင်း တရားရုံးကနေ ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ် အမိန့် ချမှတ် လိုက်ကြောင်း ထောင်နှင့် နီးစပ်သည့် ဝန်ထမ်းများထံမှ သိရသည်။

ထောင်ဒဏ် နှစ်နှစ် အမိန့် ချမှတ်ခံရသည့် မဇင်မာဝင်းသည် လူမှုကွန်ရက်ပေါ်တွင် Zinmar Win Face book အကောင့် အမည်ဖြင့် သုံးစွဲနေ ရာမှ စစ်ကောင်စီ လက်အောက်ခံ စရဖ အဖွဲ့က နိုင်ငံရေးနှင့် သက်ဆိုင်သည့် ပို့စ်နှင့် ကောမန့်များကို ရှယ်ပြီး ရေးသားသည်ဟု ဆိုကာ မေလ ၂၉ ရက်နေ့ ညပိုင်းတွင် မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၁) ရပ်ကွက် ရွက်စိမ်း (၃) လမ်းရှိ နေအိမ်၌ ဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

မိသားစုနှင့် နီးစပ်သူ တစ်ဦးက“မနေ့ ညနေပိုင်းက ပထမဆုံး ထောင်တွင်း တရားရုံး ထုတ်တဲ့ အချိန်မှာ မတရား ဝန်ခံခိုင်းပြီး ထောင်ဒဏ် နှစ်နှစ် အမိန့် ချမှတ် လိုက်တာ ဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ ထောင်ဒဏ် နှစ်နှစ် အမိန့် ချမှတ်ခံရသည့် မဇင်မာဝင်းကို မြိတ်အကျဉ်းထောင်ရှိ ထောင်တွင်း တရားရုံးက တရားလို တရားလွတ်တော် ရှေ့နေ (စွဲချ) ဒေါ်ချိုချိုစန်း ဆိုသူက ပို့စ် ၁၁ ခုကို ရှယ်သည့် အတွက် အပြစ်ရှိကြောင်း အတင်းဝန်ခံခိုင်းကာ ပထမရုံး၌ပင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရာဇာသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ် ခံရသည့် မဇင်မာဝင်းကို ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ ည ၁၁ နာရီခန့် အချိန်တွင် အိမ်စီးကားဖြင့် နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင် သွားပြီး ဇွန်လ ၁၄ ရက်နေ့တွင် မြိတ်အကျဉ်းထောင် ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ် လိုက်ခြင်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s