ရန်ကုန်ရှိ မြို့နယ်အများအပြားကို အင်အားအ လုံးအရင်းဖြင့်ဝင်ရောက်ကာ ဧည့်စာရင်းစစ် ဆေး

ရန်ကုန်တိုင်းတွင်းရှိ မြို့နယ်အများအပြားကို ယမန်နေ့ ဇွန်လ ၁၄ ရက်ညပိုင်းက စစ်ကောင်စီတပ်၊ ရဲ နှင့် ၎င်းတို့၏ လက်အောက်ခံအုပ်ချုပ်ရေးမှုးများပါဝင်ကာ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ ဧည့်စာရင်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
“မနေ့က တာမွေထဲက လမ်းတစ်လမ်းကို ဧည့်စာရင်းဝင်စစ်တာလို့ပြောပြီး တိုက်နံပါတ်(**)ကနေ ဖမ်း ခေါ်သွားတာ မိန်းကလေး သုံးယောက်ပါသွားတယ်။ အဆောင်နေတာလား ဘယ်လိုမျိုးလဲဆိုတာတော့ မသိပေမယ့် တစ်ခန်းထဲမှာနေကြတာ ဖြစ်ဖို့များတယ်။ ဒီနေ့ညကတော့ အရိုးကုန်းဘက်မှာလည်း စခ(စစ် ကောင်စီတပ်သား)တွေ သောင်းကြမ်းနေကြတယ်။ နောက်ပြီး စကစဘက်က အကြီးတစ်ယောက် ယောက် ပါ လာတာဖြစ်မယ်။ စာရွက်နဲ့စာရင်းပြနေတဲ့ ဒလန်တွေလည်းပါတယ်။ ရပ်ကွက်ရုံးကို ဖမ်းခေါ် သွားခံရတဲ့လူတွေလည်း ရှိတယ်။ ဒီည တော် တော်လေးအခြေအနေဆိုးပါတယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သူများက ပြောသည်။
ထို့အတူ အရှေ့ဒဂုံ၊ မရမ်းကုန်း၊ လှည်းတန်း၊ စမ်းချောင်း၊ အလုံ၊ ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ လမ်း မတော်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ မြို့နယ်တို့မှာလည်း စစ်ကားအသေးများ၊ မီးတန်း ကားများ၊ စစ်ကောင်စီတပ်သားများနှင့် အရပ်ဝတ်များ၊ သတင်းပေးများပါဝင်သည့်အဖွဲ့များက အင်အား သုံးကာ ဧည့်စာရင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇွန်လ ၁၃ ရက်ညပိုင်းကလည်း ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ သာကေတ၊ စမ်းချောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာမြို့နယ်များတွင် ဧည့်စာရင်းဝင်ရောက်စစ်ဆေးခြင်းနှင့် ကွင်းဆက်ဖော် ထုတ်ခြင်းတို့ပြုလုပ်ရာမှ မြေပြင်သပိတ်ရဲဘော်များနှင့် မြေအောက်ရဲဘော်များကို ဖမ်းဆီးခံရခြင်းများ ရှိခဲ့သည်။
“လက်ရှိထိ သိရတာဆိုရင် အယောက် ၃၀ ကျော်လို့ သိရတယ်။ ဒါဟာ အတော်များတဲ့ပမာဏဖြစ်တယ်။ ကိုယ့်အဖွဲ့ဝင်တွေ လူစုံမစုံစစ်နေကြရတယ်။ တချို့ကိုလည်း အဆက်အသွယ်မရလို့ အဖမ်းခံလိုက်ရပြီ ထင်နေပေမယ့် ဘေးကင်းရာမှာရှိတယ်ဆိုမှ စိတ်ချနိုင်တယ်။ အဖမ်းခံလိုက်ရတဲ့လူတွေရှိနေလည်း အချိန် မရွေးနေရာမရွေး ကျန်တဲ့သူတွေက တော်လှန်နေဦးမှာပါ။ အထူးဂရုစိုက်ကြပါ၊ သတိထားကြပါလို့ပဲမှာ ချင်ပါတယ်” ဟု မြေပြင်သပိတ်ရဲဘော်တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးပြုလုပ်ကြသော ရဲဘော်အများအပြား ဖမ်းဆီး ခံရခြင်းများရှိလာသဖြင့် မြေပြင်သပိတ်လှုပ်ရှားသူများအတွက် အထူးသတိပေးချက်များကို ရန်ကုန် သပိတ်ကော်မတီများက စဉ်ဆက်မပြတ် ထုတ်ပြန်လျက်ရှိကြသည်။ mizzima