ရန်ကုန်၊ မန္တလေး၊ သရက်တို့တွင် ညအချိန်ပစ်ခတ်သံများနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်

ရန်ကုန်၊ မန္တလေး၊ သရက်တို့တွင်ဇွန်လ ၁၄ ရက်နေ့ ညအချိန် ပစ်ခတ်သံများ နှင့် ဗုံး ပေါက်ကွဲမှုများ ဖြစ်ပေါ် ကြောင်းဒေသခံများက ရန်ကုန် ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုကြသည်။
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ၊ သာကေတ၊ အင်းစိန်နှင့်မြောက်ဒဂုံတို့တွင် ဇွန် လ ၁၄ ရက်နေ့ညပိုင်းတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ လှိုင်သာ ယာတွင်မူ ဇွန်လ ၁၄ ရက်နေ့ ညသန်းခေါင်ယံအချိန် ပစ်ခတ်သံကဲ့သို့ ၃ ချက် ကျယ်လောင်စွာ ကြားရကြောင်း သိရှိရသည်။
ဇွန်လ ၁၄ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မြောက်ဒဂုံ ၇/၈ လမ်းဆုံ အနီးတွင် ပေါက်ကွဲသံ ကျယ်လောင်စွာ ကြားလိုက်ရကြောင်း သိရှိရသည်။
“မြောက်ဒဂုံ ၇/၈ လမ်းဆုံနားကနေ ပေါက်ကွဲသံအကျယ်ကြီးကြားရတယ်။ ဒီည ၁၀ ခွဲမှာ ဖြစ်တာ။ ပေါက်ကွဲသံက အရမ်းကျယ်တယ်” ဟု ဒေသခံ တစ်ဦး က ဆိုသည်။
အလားတူ ဇွန်လ ၁၄ ရက်နေ့ ည ၉ နာရီ ၄၄ မိနစ်အချိန် မြောက်ဥက္ကလာပ ရွှေပေါက္ကံတွင် ပေါက် ကွဲသံနှင့် ပစ် ခတ်သံများကြားရပြီး ရွှေပေါက္ကံနှင့် မြောက် ဥက္က လာပ မြို့နယ်များတွင် ဧည့်စာရင်းများစစ်ကြောင်း သိရှိရသည်။
ထိုနောက် ဇွန်လ ၁၄ ရက်နေ့ ည ၁၁နာရီ ဝန်းကျင်မှစ၍ မြောက်ဥက္ကလာပ အတွင်း ရပ်ကွက်များနှင့် ရွှေပေါက္ကံ (၁၅)ရပ်ကွက်တွင် ဧည့်စာရင်းစစ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။
“ဒီည ၁၁ နာရီ၁၀မိနစ်လောက်မှာ မြောက်ဥက္ကလာ ညရပ်ကွက်မှာ ဧည့်စာရင်း ဝင်စစ်တယ်။ ဘီလူး သရဲ တွေလိုပဲ။ လူတွေကို ရန်သူတွေလို ဆက်ဆံ ဧည့်စာ ရင်း စစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်း သာကေတတွင်လည်းကောင်း၊ အင်းစိန်မြိုု့နယ် တွင် ဇွန်လ ၁၄ ရက်နေ့ည ၇ နာရီခွဲအချိန်တွင်လည်းကောင်း ဗုံးပေါက်ကွဲသံ များကြား ရပြီး လှိုင်သာယာတွင် ဇွန်လ ၁၄ ရက်နေ့ ည ၁၂ နာရီ သန်းခေါင်ယံ အချိန် ပစ်ခတ်သံ ၃ ချက်ကြားရကြောင်း၊ သန်လျင်မြို့နယ်တွင်လည်း ဇွန်လ ၁၄ ရက်နေ့ ညသန်းခေါင်ယံအချိန် ပစ်ခတ်သံများကြားရပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
အလားတူ ဇွန်လ ၁၄ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် မန္တလေးမြို့ ၊ ကန်ပတ် လမ်း အမေတက်သိမ်းအင်းအနီး တံတားဖြူအနောက်ဘက်နားရှိ စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူး ညွှန့်ဝင်း အိမ် ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက် ခံရကြောင်း ၊ ယင်း နောက် စိန်ပန်းဘက် ၈၉ ၃၅ လန်ဒန်ဝင်းတွင် စစ်သား အများအပြား ရောက်ရှိ စစ်ဆေးမှုများလုပ်ဆောင်ကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း သက်ရက်မြို့တွင်လည်း ဇွန်လ ၁၄ ရက်နေ့ ည ၁၁ နာရီ ခွဲမှစတင်ပြီး သေနတ်ပစ်ခတ်သံများ အချက် ၅၀ ခန့်ကြားရကြောင်း၊ စစ်သား များက ရမ်းသမ်းပစ်ခတ်နေသည့် သဘောရှိကြောင်း ၊ ပြည်သူ အများ အပြား ကိုလည်း ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြော ဆို ကြသည်။ khit thit