KNU တပ်မဟာ (၂) နယ်မြေ ဇရပ်ကြီးကျေး ရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီး ကျေးရွာအနီးတွင် ဇွန်လ ၁၄ ရက်နေ့က KNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားကြောင်း KNLA တပ်မဟာ (၂) ဗိုလ်ချုပ်စောဒဲဖိုးက မဇ္ဈိမကို ပြောသည်။

ထန်းတပင်မြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားကာ နယ်မြေကျူးကျော်လာသော အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက် အောက်ခံ၊ ခမရ (၅၈၂) ခြေမြန်စစ်ကြောင်းကို KNLA တပ်မဟာ (၂) တပ်ဖွဲ့ဝင်များက ပြောက်ကျားတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

“မနေ့က တိုက်ပွဲတစ်ကြိမ်ဖြစ်တယ်။ တပ်မဟာ (၂) နယ်မြေပဲ၊ ဇရပ်ကြီးနဲ့ မနီးမဝေးမှာဖြစ်တာ။ ခြုံခိုတိုက်ပွဲပေါ့။ စစ်ကောင်စီဘက်က နှစ်ယောက်သေတယ်လို့ သတင်းရတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်ကျဆုံးတာ မရှိပါဘူး” ဟု KNLA တပ်မဟာ (၂) ဗိုလ်ချုပ်စောဒဲဖိုးက ပြောသည်။

ပြောက်ကျားတိုက်ခိုက်မှု ပြုလုပ်ခဲ့သော KNLA တပ်ဖွဲ့ဘက်ကမှု ထိခိုက်ကျဆုံးမှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် လက်ရှိကာလအတွင်း KNU တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်အတွင်း သာလွန်အင်အားဖြင့် နေရာအများအပြားတွင် စစ်ကြောင်းလှုပ်ရှားမှုများ ပြုလုပ်နေ ကြောင်းလည်း ဗိုလ်ချုပ်စောဒဲဖိုးက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ (၂) နယ်မြေအတွင်း စစ်ရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများကို ဝင်ရောက်စွက်ဖက်၊ လှုပ်ရှားမှုများရှိလာနေသည့်အတွက် ထိုသို့ ဝင်ရောက်မစွက်ဖက်ရန် အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကိုကိုလွင် ကို KNLA တပ်မဟာ (၂) က ဇွန်လ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်သတိပေးထားသေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s